ေအစီမီလန္ကို အႏုိင္ရမႈက ယံုၾကည္မႈေတြ ျပန္ရေစခဲ့လို႔  အာဆင္နယ္ နည္းျပေျပာ

0
314

ေအစီမီလန္ အသင္းကို ၂ ဂိုးျပတ္နဲ႔ အႏုိင္ရခဲ့ၿပီးေနာက္ ႏုိင္ပြဲအတြက္  စိတ္ဒုကၡေရာက္ေနတဲ့ အာဆင္နယ္ ကစားသမားေတြအတြက္ ယံုၾကည္မႈေတြ ျပန္ရေစခဲ့တယ္လို႔ အာဆင္နယ္နည္းျပ အာစင္ ဝင္းဂါးက ေျပာပါတယ္။

အာဆင္နယ္ အသင္းဟာ ယူ႐ိုပါလိဂ္ ႐ံႈးထြက္အဆင့္ ပထမအေက်ာ့ ပြဲစဥ္မွာ ရမ္းေဆး၊ မက္ခီတာရမ္တုိ႔ သြင္းဂိုးေတြနဲ႔ အႏုိင္ရခဲ့ပါတယ္။ အာဆင္နယ္ဟာ ပရီးမီယားလိဂ္ ၿပိဳင္ပြဲမွာအဆင့္ ၄ ေနရာရွိ စပါးအသင္းနဲ႔ ၁၃ မွတ္ကြာေနတာ ျဖစ္ၿပီး လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲ ဝင္ခြင့္ရဖို႔ မေရမရာ ျဖစ္ေနတာေၾကာင့္ ခ်န္ပီယံလိဂ္ ဝင္ခြင့္အတြက္ ယူ႐ိုပါလိဂ္ ခ်န္ပီယံျဖစ္ေရးက အဓိက က်ေနပါတယ္။  

အာဆင္နယ္ အသင္းဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြက ကစားခဲ့ အရပ္ရပ္ ပြဲစဥ္ေတြမွာ ၄ ပြဲ ဆက္တိုက္ ႐ံႈးနိမ့္ခဲ့လုိ႔ ျပင္းထန္တဲ့ ေဝဖန္မႈေတြ ခံရၿပီး အႏုိင္ရလိုစိတ္ မရွိဘူးလို႔ ေဝဖန္မႈေတြ ရွိေနခဲ့ပါတယ္။ နည္းျပ ဝင္းဂါးက တံု႔ျပန္ဖို႔ လိုအပ္ေနခ်ိန္မွာ အေကာင္းဆံုးေျခစြမ္းနဲ႔အတူ တံု႔ျပန္မႈေတြ လုပ္ခဲ့တယ္တယ္လို႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

အေစီမီလန်ကို အနိုင်ရမှုက ယုံကြည်မှုတွေ ပြန်ရစေခဲ့လို့ အာဆင်နယ် နည်းပြပြော

အေစီမီလန် အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် နိုင်ပွဲအတွက် စိတ်ဒုက္ခရောက်နေတဲ့ အာဆင်နယ် ကစားသမားတွေအတွက် ယုံကြည်မှုတွေ ပြန်ရစေခဲ့တယ်လို့ အာဆင်နယ်နည်းပြ အာစင် ဝင်းဂါးက ပြောပါတယ်။

အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ ရမ်းဆေး၊ မက်ခီတာရမ်တို့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်ဟာ ပရီးမီယားလိဂ် ပြိုင်ပွဲမှာအဆင့် ၄ နေရာရှိ စပါးအသင်းနဲ့ ၁၃ မှတ်ကွာနေတာ ဖြစ်ပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲ ဝင်ခွင့်ရဖို့ မရေမရာ ဖြစ်နေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ယူရိုပါလိဂ် ချန်ပီယံဖြစ်ရေးက အဓိက ကျနေပါတယ်။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ကစားခဲ့ အရပ်ရပ် ပွဲစဉ်တွေမှာ ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့လို့ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံရပြီး အနိုင်ရလိုစိတ် မရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ နည်းပြ ဝင်းဂါးက တုံ့ပြန်ဖို့ လိုအပ်နေချိန်မှာ အကောင်းဆုံးခြေစွမ်းနဲ့အတူ တုံ့ပြန်မှုတွေ လုပ်ခဲ့တယ်တယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)