အၾကမ္းဖက္ တိုက္ခိုက္မႈေတြေၾကာင့္ သီရိလကၤာမွာ လူမူကြန္ရက္ အသံုးျပဳခြင့္ ပိတ္

0
262

အၾကမ္းဖက္ တုိက္ခိုက္မႈေတြကို တားဆီးႏုိင္ဖုိ႔ သီရိလကၤာအစိုးရက အေရးေပၚဥပေဒ ထုတ္ျပန္ၿပီးေနာက္ ႏုိင္ငံတဝွမ္းမွာ လူမူကြန္ရက္ အင္တာနက္ အသံုးျပဳတာေတြကုိလည္း တားဆီးပိတ္ပင္လိုက္ပါတယ္။

သီရိလကၤာႏုိင္ငံမွာ ၿပီးခဲ့တဲ့ မတ္လ ၄ ရက္ေန႔က ဗုဒၶဘာသာ အုပ္စုေတြနဲ႔ မြတ္စလင္တုိ႔ၾကား တုိက္ခိုက္မႈေတြ ျဖစ္ေပၚခဲ့ၿပီးေနာက္ ပဋိပကၡေတြ ျဖစ္ခဲ့ပါတယ္။ ဗုဒၶဘာသာဝင္ တစ္ဦးကို မြတ္စလင္ေတြက သတ္ျဖတ္လိုက္ၿပီးေနာက္ မတ္လ ၅ ရက္ေန႔မွာ မြတ္စလင္ ဆန္႔က်င္ေရး လႈပ္ရွားမႈေတြ ဆက္လက္ ျဖစ္ေပၚခဲ့ပါတယ္။  

ညေန ၄ နာရီ အထိသာ အိမ္အျပင္ ထြက္ခြင့္ေပးထားၿပီး ညမထြက္ရအမိန္႔ ထုတ္ထားခဲ့ပါတယ္။ မြတ္စလင္ေတြကို တိုက္ခိုက္ဖို႔ လူမူကြန္ရက္ စာမ်က္ႏွာေတြမွာ လံႈ႕ေဆာ္မႈေတြ ရွိတာေၾကာင့္ လူမူကြန္ရက္ အသံုးျပဳတာကို ပိတ္ထားတာလုိ႔ သီရိလကၤာ အစိုးရ တာဝန္ရွိသူေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သီရိလင်္ကာမှာ လူမူကွန်ရက် အသုံးပြုခွင့် ပိတ်

အကြမ်းဖက် တိုက်ခိုက်မှုတွေကို တားဆီးနိုင်ဖို့ သီရိလင်္ကာအစိုးရက အရေးပေါ်ဥပဒေ ထုတ်ပြန်ပြီးနောက် နိုင်ငံတဝှမ်းမှာ လူမူကွန်ရက် အင်တာနက် အသုံးပြုတာတွေကိုလည်း တားဆီးပိတ်ပင်လိုက်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ဗုဒ္ဓဘာသာ အုပ်စုတွေနဲ့ မွတ်စလင်တို့ကြား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ဦးကို မွတ်စလင်တွေက သတ်ဖြတ်လိုက်ပြီးနောက် မတ်လ ၅ ရက်နေ့မှာ မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်လက် ဖြစ်ပေါ်ခဲ့ပါတယ်။

ညနေ ၄ နာရီ အထိသာ အိမ်အပြင် ထွက်ခွင့်ပေးထားပြီး ညမထွက်ရအမိန့် ထုတ်ထားခဲ့ပါတယ်။ မွတ်စလင်တွေကို တိုက်ခိုက်ဖို့ လူမူကွန်ရက် စာမျက်နှာတွေမှာ လှုံ့ဆော်မှုတွေ ရှိတာကြောင့် လူမူကွန်ရက် အသုံးပြုတာကို ပိတ်ထားတာလို့ သီရိလင်္ကာ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)