
0
833




>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတကာ အမျိုးသမီးများနေ့မှာ နိုင်ငံတချို့က အမျိုးသမီးတွေ ဆန္ဒပြ

မနေ့က မတ်လ ၈ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ နိုင်ငံတချို့က အမျိုးသမီးတွေဟာ တန်းတူညီမျှမှု ရရှိရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသမီးတွေဟာ တန်းတူညီမျှရေး၊ လေးစားမှုရှိရေးနဲ့ လုပ်ပိုင်ခွင့် ရရေးတို့အတွက် အခုလို ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ စပိန်နိုင်ငံမှာ အမျိုးသမီးတွေက ၂၄ နာရီကြာ ဆန္ဒပြခဲ့သလို ဖိလစ်ပိုင် မနီလာမြို့မှာလည်း အမျိုးသမီးတွေ ဆန္ဒပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာလည်း အမျိုးသမီးတွေ ဆန္ဒပြခဲ့ကြပါတယ်။

စပိန်နိုင်ငံက အမျိုးသမီးတွေဟာ အမျိုးသမီးနဲ့ အမျိုးသားတွေကြား လုပ်ခ ကွာဟမှုတွေကို မကျေနပ်တာကြောင့် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက အမျိုးသမီးတွေကတော့ ခွဲခြားဆက်ဆံ ခံရမှုတွေအတွက် အဓိကထား ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု၊ အကြမ်းဖက်ခံရမှုနဲ့ အလုပ်တွေမှာ ခွဲခြားဆက်ဆံခံရမှုတွေကို မကျေနပ်တာကြောင့် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)