ေခါင္းၿမီး မၿခံဳလို႔ အီရန္အမ်ိဳးသမီး ေထာင္ဒဏ္ ၂ ႏွစ္ အျပစ္ေပးခံရ

0
798

အီရန္မွာ မႏွစ္က ဒီဇင္ဘာ လေနာက္ပိုင္း ကတည္းက လူျမင္ကြင္းမွာ ေခါင္းၿမီးမၿခံဳလို႔ ဖမ္းဆီးအျပစ္ေပးခံရတဲ့ အမ်ိဳးသမီး ၃၀ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။  

မြတ္စလင္ အမ်ိဳးသမီးေတြဟာ အစၥလာမ္ဥပေဒကို ဆႏၵျပတဲ့အေနနဲ႔ လူျမင္ကြင္းမွာ ေခါင္းၿမီးၿခံဳဖို႔ ျငင္းဆန္မႈေတြ ရွိခဲ့ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက အဲဒီလို ျငင္းဆန္တဲ့ အမ်ိဳးသမီးတစ္ဦးကို ေထာင္ဒဏ္ ၂ ႏွစ္ အျပစ္ေပးခဲ့တယ္လို႔ အီရန္ ေရွ႕ေနေတြက ေျပာပါတယ္။ ျပစ္ဒဏ္ေပးခံရတဲ့ အမ်ိဳးသမီးရဲ႕ အမည္ကို မေဖာ္ျပေပမယ့္ အဲဒီ အမ်ိဳးသမီးဟာ ျပစ္ဒဏ္ကို အယူခံဝင္ခြင့္ ရွိတယ္လို႔ အီရန္ မီဒီယာေတြက ေဖာ္ျပပါတယ္။  

အဲဒီ အမ်ိဳးသမီးဟာ အမိန္႔မခ်မွတ္ခင္တည္းကာ ေထာင္သြင္း အက်ဥ္းခ်ခံထားရကာ ေဆးကုသဖို႔ လုိအပ္ေနပါတယ္။ အခုလို ေထာင္ဒဏ္ အျပစ္ေပးမႈကို အီရန္ ႏုိင္ငံအတြင္း ေဝဖန္မႈေတြ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

ခေါင်းမြီး မခြုံလို့ အီရန်အမျိုးသမီး ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံရ

အီရန်မှာ မနှစ်က ဒီဇင်ဘာ လနောက်ပိုင်း ကတည်းက လူမြင်ကွင်းမှာ ခေါင်းမြီးမခြုံလို့ ဖမ်းဆီးအပြစ်ပေးခံရတဲ့ အမျိုးသမီး ၃၀ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

မွတ်စလင် အမျိုးသမီးတွေဟာ အစ္စလာမ်ဥပဒေကို ဆန္ဒပြတဲ့အနေနဲ့ လူမြင်ကွင်းမှာ ခေါင်းမြီးခြုံဖို့ ငြင်းဆန်မှုတွေ ရှိခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အဲဒီလို ငြင်းဆန်တဲ့ အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခဲ့တယ်လို့ အီရန် ရှေ့နေတွေက ပြောပါတယ်။ ပြစ်ဒဏ်ပေးခံရတဲ့ အမျိုးသမီးရဲ့ အမည်ကို မဖော်ပြပေမယ့် အဲဒီ အမျိုးသမီးဟာ ပြစ်ဒဏ်ကို အယူခံဝင်ခွင့် ရှိတယ်လို့ အီရန် မီဒီယာတွေက ဖော်ပြပါတယ်။

အဲဒီ အမျိုးသမီးဟာ အမိန့်မချမှတ်ခင်တည်းကာ ထောင်သွင်း အကျဉ်းချခံထားရကာ ဆေးကုသဖို့ လိုအပ်နေပါတယ်။ အခုလို ထောင်ဒဏ် အပြစ်ပေးမှုကို အီရန် နိုင်ငံအတွင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)