သမၼတ ေဒၚနယ္ထရမ့္က ေျမာက္ကိုရီးယား ေခါင္းေဆာင္နဲ႔ ေတြ႔ဆံုဖုိ႔ သေဘာတူ

0
783

ေျမာက္ကုိရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္က ေတြ႔ဆုံေဆြးေႏြးဖို႔ ဖိတ္ေခၚတာကို အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က သေဘာတူညီလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္း ၿပံဳယမ္းၿမိဳ႕ကို သြားေရာက္ၿပီး ကင္ဂ်ဳံအန္နဲ႔ ေတြ႔ဆုံေဆြးေႏြးခဲ့တဲ့ ေတာင္ကုိရီးယား ကုိယ္စားလွယ္အဖြဲ႔နဲ႔ ကင္ဂ်ဳံအန္ လူႀကံဳပါးလုိက္တဲ့စာကုိ အေမရိကန္ သမၼတဆီ ေပးအပ္ၿပီးေနာက္ အိမ္ျဖဴေတာ္က အခုလို သတင္းထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ကင္ဂ်ဳံအန္က န်ဴကလီးယား အစီအစဥ္နဲ႔ ဒုံးက်ည္စမ္းသပ္မႈေတြ ရပ္ဖို႔ န်ဴကလီးယား ကင္းစင္ေရးအတြက္ ေဆာင္ရြက္ေရး သေဘာတူညီခဲ့တယ္လို႔ ေတာင္ကိုရီးယား ကိုယ္စားလွယ္အဖြဲ႔က ေျပာဆုိထားပါတယ္။ သမၼတ ထရမ့္ဟာ ေျမာက္ကိုရီးယား ေခါင္းေဆာင္နဲ႔ ေဆြးေႏြးဖို႔ မရွိတဲ့အေၾကာင္း ေျပာဆုိခဲ့ေပမယ့္ သေဘာထား ေျပာင္းလဲခဲ့တယ္လို႔ မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ သဘောတူ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်တာကို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က သဘောတူညီလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြုံယမ်းမြို့ကို သွားရောက်ပြီး ကင်ဂျုံအန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့နဲ့ ကင်ဂျုံအန် လူကြုံပါးလိုက်တဲ့စာကို အမေရိကန် သမ္မတဆီ ပေးအပ်ပြီးနောက် အိမ်ဖြူတော်က အခုလို သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကင်ဂျုံအန်က နျူကလီးယား အစီအစဉ်နဲ့ ဒုံးကျည်စမ်းသပ်မှုတွေ ရပ်ဖို့ နျူကလီးယား ကင်းစင်ရေးအတွက် ဆောင်ရွက်ရေး သဘောတူညီခဲ့တယ်လို့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့က ပြောဆိုထားပါတယ်။ သမ္မတ ထရမ့်ဟာ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ဆွေးနွေးဖို့ မရှိတဲ့အကြောင်း ပြောဆိုခဲ့ပေမယ့် သဘောထား ပြောင်းလဲခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)