မက္ကဆီကို ဘက်ကနေ တရားမ၀င် ၀င်ရောက်သူ ၄၀ ရာခိုင်နူန်း လျော့ကျ

0
380

ပြီးခဲ့သော ဇန်န၀ါရီလ ကနေ ဖေဖော်ဝါရီလအတွင်း အမေရိကန်နိုင်ငံကို မက္ကစီကိုဘက်မှ တရားမ၀င် ဖြတ်သန်းဝင်ရောက်သူ အရေအတွက် ၄၀ ရာခိုင်နူန်းလျော့ကျသွားကြောင်း အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထဲရေးဝန်ကြီး ဂျွန်ကယ်ရီက အခုလိုလျော့ကျသွားတာဟာ ဒေါ်နယ်လ်ထရန့်ရဲ့တင်းကြပ်တဲ့ မူဝါဒကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်-မက္ကဆီကို နယ်စပ်ဒေသမှာ ဖြတ်သန်းမရနိုင်တဲ့ အရံအတားတွေ ထားရှိဖို့အတွက် သမ္မတထရန့်က အမှုဆောင် အမိန့်ထုတ်ပြန်ခဲ့ပြီး ပြည်နှင်ဒဏ်ပေးရေး ညွှန်ကြားချက်အသစ်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ မက္ကဆီကိုဘက်ကတော့ ထရန့်ရဲ့လုပ်ဆောင်မှုတွေဟာ ရန်လိုပြီး လက်သင့်ခံနိုင်စရာ မကောင်းကြောင်း ပြောဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ တရားမ၀င်နေထိုင်သူ ၁၁ သန်းခန့်ရှိပြီး အများစုက မက္ကစီကိုမှ ဖြစ်ပါတယ်။

မစ္စတာကယ်ရီရဲ့ ပြောကြားချက်အရ ယခုနှစ်မှာ တရားမ၀င် ဖြတ်သန်းဝင်ရောက်သူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလကနေ ဖေဖော်ဝါရီလ အတွင်းမှာ ၃၁၅၇၈ ကနေ ၁၈၇၆၂ အထိ လျော့ကျသွားကြောင်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)