ကင်မ်ဂျုံနန်ရဲ့ သား နောက်ထပ် ပစ်မှတ် ဖြစ်လာနိုင်ကြောင်း သံအမတ်ဟောင်း ပြော

0
309

အသတ်ခံလိုက်ရဲ့ ကင်မ်ဂျုံနမ်ရဲ့ သား ကင်မ်ဟန်ဆိုးလ်ဟာ မြောက်ကိုးရီးယား အာဏာရှင် ကင်မ်ဂျုံအန်းရဲ့ နောက်ထပ် ပစ်မှတ် တစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

UK ဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ဟောင်း ဖြစ်တဲ့ ထေယောင်ဟိုက ကင်မ်ဂျုံအန်းဟာ အင်မ်ဟန်ဆိုးလ် ရှိနေတာကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်မှာ အဆိပ်ဓာတ်ငွေ့နဲ့ အသတ်ခံလိုက်ရတဲ့ ကင်မ်ဂျုံနမ်ရဲ့ သား ကင်မ်ဟန်ဆိုးလ်ဟာ မတ်လ ၇ ရက်နေ့က သူဘယ်သူဘယ်ဝါ ဖြစ်ကြောင်းနဲ့ သူတို့ ကောင်းမွန်စွာ ရှိနေကြောင်း ဗီဒီယို မက်ဆေ့ခ်ျတစ်ခုကို တင်ခဲ့ပါတယ်။ ဘယ်နေရာမှာ ရှိတယ်ဆိုတာတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဒီကိစ္စတွေရဲ့ အကြောင်းရင်းဟာ ကင်မ်ဂျုံအန်းက သူတစ်ဦးတည်းသာ ခေါင်းဆောင်မယ့်သူအဖြစ် ကျန်ရှိချင်တဲ့ ဆန္ဒကြောင့် ဖြစ်တယ်လို့ သံအမတ်ဟောင်း ထေယောင်ဟိုက ပြောကြောင်း တောင်ကိုရီးယား ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)