၁၁၀၂ ပေါင် ရှိတဲ့ အီဂျစ်အမျိုးသမီး အိန္ဒိယမှာ ခွဲစိတ်ကုသ

0
263

ကမ္ဘာပေါ်မှာ အ၀ဆုံး အမျိုးသမီးဖြစ်ဖွယ်ရှိတဲ့ ကီလို ၅၀၀ကျော် (၁၁၀၂ပေါင်) ရှိသူဟာ ကိုယ်အလေးချိန် လျော့ချဖို့အတွက် အိန္ဒိယမှာ ခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။

အသက် ၃၆ နှစ်ရှိသူ အီမန်အာမက်အက်ဒ်အဲလ် အက်တီဆိုသူဟာ ခွဲစိတ်ကုသမှု ခံယူပြီးနောက် ကိုယ်အလေးချိန် ၁၀၀ ကီလို ဂရမ် လျော့ကျသွားကြောင်း အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ ဆာဖီဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ အီဂျစ်ကို အမြန်ဆုံး ပြန်ဖို့အတွက် ကြံ့ခိုင်မှုပြန်ရအောင် ကြိုးစားပေးနေပါတယ်” လို့ ဆေးရုံရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အီမန်အာမက်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းမှာ အိန္ဒိယကို စင်းလုံးငှားလေယာဉ်နဲ့ မလာခင်အထိ နေအိမ်ကနေ ဘယ်မှမသွားတာ ၂၅ နှစ်ရှိနေပြီဖြစ်ကြောင်း သူမရဲ့မိသားစုက ပြောပြပါတယ်။

လာမယ့်လတွေမှာ သူမဟာ ကိုယ်အလေးချိန်ပိုပြီး လျော့ကျသွားဖွယ်ရှိကြောင်း အိန္ဒိယဆေးရုံရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အဆိုပါခွဲစိတ်ကုသမှုကို ခွဲစိတ်ဆရာဝန် ဒေါက်တာ မှုဖာဇဲလ်လာခ်ဒေါ်လာနဲ့ အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

၎င်းခွဲစိတ်မှုကို Bariatric ခွဲစိတ်မှုလို့ခေါ်ပြီး ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ခွဲစိတ်တာဖြစ်ပါတယ်။ အလွန်အမင်း အ၀လွန်နေပြီး အန္တရာယ်ဖြစ်လောက်တဲ့ အနေအထားရှိသူတွေကိုပဲ ဒီနည်းလမ်းနဲ့ အသုံးပြုကုသပေးတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)