မိသားစုသုံး တီဗီတွေကတဆင့် စီအိုင်အေ နဲ့ MI5 တို့ လျှို့ဝှက်ထောက်လှမ်းနေ

0
359

မိသားစုတွေ ဝယ်ယူအသုံးပြုနေတဲ့ စမတ် တီဗီတွေကတဆင့် သုံးစွဲသူ ပြည်သူတွေကို လျှို့ဝှက် ထောက်လှမ်းရေးတွေ လုပ်နေတယ်လို့ ဝီကီလိခ် (WikiLeaks) က ဖွင့်ချလိုက်တဲ့အတွက် ဆမ်ဆောင် ကုမ္ပဏီက စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်း လုပ်ဆောင်နေပါတယ်။

ဝီကီလိခ်ဟာ အမေရိကန် စီအိုင်အေ ရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချနေတာ ဖြစ်ပါတယ်။

စီအိုင်အေဟာ အများသုံးဆော့ဖ်ဝဲလ်၊ ကွန်ပြူတာ ဝင်းဒိုး၊ Google အန်းဒရွိုက်၊ Apple iOS တွေကနေဆင့် ပြည်သူတွေကို ဘယ်လို စုံစမ်း ထောက်လှမ်းနေတယ် ဆိုတဲ့ စာရွက်စာတမ်းပေါင်း ထောင်နဲ့ချီပြီး ဝီကီလိခ်အသစ်ဖွင့်ချလိုက်တာ ဖြစ်ပါတယ်။

အဲဒီလို ဖွင့်ချလိုက်တဲ့အထဲမှာ ဆမ်ဆောင် ကုမ္ပဏီက အသစ်ထုတ်တဲ့ စမတ် တီဗီတွေမှာ အသံဖမ်းယူစက် ဘယ်လို ထည့်သွင်းထားတယ် ဆိုတာတွေ ပါပါတယ်။ အဲဒီလို လျှို့ဝှက်ထောက်လှမ်းဖို့ လုပ်ဆောင်တာမှာ ဗြိတိန်က MI5 ထောက်လှမ်းရေးအဖွဲ့ကလည်း အလိုတူအလိုပါ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒါကြောင့် ကိုရီးယား အခြေစိုက် ကမ္ဘာကျော် ကုမ္ပဏီဟာ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တီဗီကို ပိတ်လိုက်ပြီလို့ သုံးစွဲသူက ထင်ပေမယ့် တီဗီဟာ အသံဖမ်းမှုတွေ ဆက်လုပ်ပြီး စီအိုင်အေကို ပို့နေကြောင်း၊ စမတ် တီဗီတွေဟာ အင်တာနက်ကိုလည်း ချိတ်နိုင်တာကြောင့် စီအိုင်အေက ထိန်းချုပ်နိုင်ကြောင်းတွေ ဝီကီလိခ်မှာ ဖော်ပြထားပါတယ်။

အသစ်ပေါ်တဲ့ အင်တာနက် ချိတ်ဆက်သုံးနိုင်တဲ့ တီဗီတွေမှာ အသံနဲ့ ထိန်းချုပ်တဲ့ စနစ် ထည့်ထားတာမို့ အသံဖမ်းစက်ဟာ တီဗီစက်ထဲမှာ ရှိနေတာပါ။

၂၀၁၅ ခုနှစ်တုန်းက ဆမ်ဆောင်းက စမတ် တီဗီ သုံးစွဲသူတွေ အနေနဲ့ အဲဒီ တီဗီရှေ့မှာ ကြည့်နေရင်း ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ အကဲဆတ်တဲ့ ကိစ္စတွေ မပြောကြဖို့နဲ့ ပြောမိလို့ မှတ်တမ်းတင်သွားရင် တခြားကို ပေါက်ကြားနိုင်တဲ့ အန္တရာယ်ရှိကြောင်း သတိပေးဖူးပါတယ်။

ဝီကီလိခ်ရဲ့ ပေါက်ကြားချက်နဲ့ ပတ်သက်လို့ Apple ကလည်း တုံ့ပြန်ခဲ့ပါတယ်။ သူတို့ Apple ထုတ်ကုန်များဟာ နောက်ဆုံးပေါ် ဆော့ဖ်ဝဲလ်များ သုံးထားပြီး သုံးစွဲသူရဲ့ လုံခြုံရေးကို အာမခံပါတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

Google ကတော့ တစုံတရာ မှတ်ချက်မပေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)