ဂွာတီမာလာမှာ လူငယ်စောင့်ရှောက်ရေး ဂေဟာ မီးလောင်မှု မိန်းကလေး ၂၀ ကျော် သေဆုံး

0
298

ဂွာတီမာလာနိုင်ငံ စီးတီးမြို့တော်ရဲ့ အနောက်တောင်ဘက် ၁၅ မိုင်အကွာ ဆန်ဟိုးဆေး ပင်နလာရှိ အစိုးပိုင် ဗာဂျင် ဒေ အာဆန်စီယွန် လူငယ် ထိန်းသိမ်း စောင့်ရှောက်ရေး ဂေဟာတစ်ခုမှာ မတ်လ (၈) ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ မီးဘေးကြောင့် အနည်းဆုံး ဆယ်ကျော်သက် မိန်းကလေးငယ် ၂၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိထားတဲ့ ကလေးငယ် ၄၀ ကျော်ကိုတော့ ဆေးရုံကို ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့ လူငယ်တွေရဲ့ မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေဟာ ဂေဟာအပြင်မှာ စုဝေးပြီး ငိုကြွေးနေခဲ့ပါတယ်။

ဂေဟာမှာ ဆူပူမှုတွေ ဖြစ်ပြီး ထွက်ပြေးချင်သူတချို့က မွေ့ရာကို မီးရှို့ရာကနေ မီးလောင်မှု ဖြစ်ပွားတာလို့ ရဲတွေက ဆိုပါတယ်။
ဂေဟာမှာ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ လူငယ်တွေအပြင် စွန့်ပစ် ကလေးငယ်တွေကိုလည်း ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း ဂွာတီမာလာ မီဒီယာတွေက ဆိုပါတယ်။

မီးလောင်မှုမှာ သေဆုံးခဲ့တဲ့ ကလေးသူငယ်တွေအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် သုံးရက် သတ်မှတ်ကြောင်း သမ္မတ ဂျင်မီ မိုရာလက်စ်က ကြေညာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)