ကင်ဂျုံနန်ရဲ့သားဆိုသူရဲ့ ဗွီဒီယို အွန်လိုင်းမှာ စတင်ပျံ့နှံ့

0
244

မြောက်ကိုရီးယား အာဏာရှင်ရဲ့ အစ်ကိုတစ်ဝမ်းကွဲ တော်စပ်သူ ကင်ဂျုံနန် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်မှာ ဓာတုဗေဒ လက်နက်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး မလေးရှား-မြောက်ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာလာချိန်မှာ သေဆုံးသူကင်ဂျုံနန်ရဲ့သားဖြစ်သူလို့ မိမိကိုယ် မိမိပြောဆိုသူ တစ်ဦးရဲ့ဗွီဒီယို အွန်လိုင်းမှာ ထွက်ပေါ်လာပါတယ်။

အဆိုပါ ဗွီဒီယိုနဲ့အတူ Cheollima Civil Defense ဆိုတဲ့ အရပ်ဖက်အဖွဲ့အစည်း တစ်ခုက သေဆုံးသူကင်ရဲ့မိသားစုကို အမေရိကန်၊ တရုတ်၊ နယ်သာလန်နဲ့ အမည်မဖော်ပြတဲ့ စတုတ္ထနိုင်ငံတစ်နိုင်ငံက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နေကြောင်း ပြောဆိုခဲ့ပါတယ်။
တောင်ကိုရီးယား ထောက်လှမ်းရေး အာဏာပိုင်တွေကတော့ အဆိုပါ ဗွီဒီယိုဖိုင်ထဲကလူဟာ သေဆုံးသူကင်ဂျုံနန်ရဲ့သားဖြစ်သူ အသက် ၂၁ နှစ်အရွယ် ကင်ဟန်ဆိုးလ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်း ဗွီဒီယိုဖိုင်က စက္ကန့် ၄၀ ပဲ ကြာချိန်ရှိပြီး ကင်ဂျုံနန်ရဲ့ သားဆိုသူက သူ့ရဲ့ဖခင်ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကွယ်လွန်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
ရိုက်တာ သတင်းဌာနကတော့ ကင်ဟန်ဆိုးလ်ဆိုသူကို အတည်မပြုနိုင်ပေမယ့် ၂၀၁၂ ခုနှစ်က ဖင်လန်ကာကွယ်ရေးဝန်ကြီး ဟောင်းနဲ့ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့တဲ့ ကင်ဟန်ဆိုးလ်နဲ့ အတော်ကြီးကို နီးနီးစပ်စပ် တူညီမှုရှိကြောင်း ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယား ထောင်လှမ်းရေးအရာရှိတွေကတော့ အာဏာရှင်ကင်ဂျုံအန်းဟာ သူ့ရဲ့အဖေတူအမေကွဲ အစ်ကိုဖြစ်သူကို သုတ်သင်ဖို့အတွက် အမိန့်ထုတ်ခဲ့တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)