နိုင်ငံတကာ အမျိုးသမီးနေ့ဆိုတာ အပေါ်ပိုင်း ဗလာကျင်းပြီး ဆန္ဒပြတာထက် ပိုပါတယ်

0
380

ပြီးခဲ့တဲ့လအတွင်းက အာဂျင်တီးနားနိုင်ငံ၊ ဘူနိုအေးရီစ်မှာ ဒါဇင်နဲ့ချီတဲ့ အမျိုးသမီးတွေဟာ အပေါ်ပိုင်း အ၀တ်ဗလာကျင်းပြီး နေပူ စာလှုံခွင့်အတွက် တောင်းဆိုဆန္ဒပြခဲ့ကြတယ်။

အာဂျင်တီးနားနိုင်ငံရဲ့မြို့တော် ဘူနိုအေးရီစ်မှာ အ၀တ်ဗလာနဲ့ အမျိုးသမီးသုံးဦး နေပူစာလှုံတာကို ရဲတပ်ဖွဲ့က နှင်ထုတ်တာ ဒါမှမဟုတ် ဖမ်းဆီးတာတွေ လုပ်ခဲ့အပြီးမှာ အခုလို ဆန္ဒပြပွဲဖြစ်လာခဲ့တာပါ။

အမျိုးသမီးတစ်ဦးအနေနဲ့ နေပူစာလှုံတဲ့နေရာမှာ အပေါ်ပိုင်းဗလာကျင်းနေတဲ့ ကိစ္စကို အာဂျင်တီးနား ဥပဒေအရ ဘယ်လိုသတ်မှတ်ထားတယ်ဆိုတာ မရှင်းလင်းပေမယ့် အာဂျင်တိုင်းလူအဖွဲ့အစည်း အတွက်တော့ ဒါဟာ မသင့်လျော်ဘူးလို့ ယူဆထားကြတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ လူမှုကွန်ယက်ပေါ်မှာပါ ဂယက်ရိုက်သွားခဲ့ပြီး အငြင်းပွားဖွယ်ရာ အကြောင်းအချက်တစ်ခု ဖြစ်လို့ လာခဲ့ပါတယ်။

ဆန္ဒပြသူတွေဘက်က ပြလောက်တဲ့အကြောင်းအချက် ရှိတယ်ဆိုတာကို သက်သေပြခဲ့တဲ့အလားပါပဲ။ အဲဒီဆန္ဒပြပွဲကို အမျိုးသားတွေ ရောက်လာကြတယ်။ ရင်သားဗလာကျင်းနေတဲ့ အမျိုးသမီးတွေကို ကြည့်ဖို့၊ လှောင်ပြောင်ဖို့နဲ့ ပရောပရီလုပ်ဖို့လာကြတာပါ။ ပြောရမယ်ဆိုရင် နွားပွဲကို ရောက်လာတဲ့သူတွေ အတိုင်းပဲလို့ ဆန္ဒပြအမျိုးသမီးတွေက ဆိုပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့အသက် ၃၁ နှစ်အရွယ် လူစီယာနာဒန်းကွစ်က ကမ်းခြေမှာ အမျိုးသမီးတွေ ဘယ်လိုအ၀တ်အစား မျိုးဝတ် စားနေကြတယ် ဆိုတာကို သတိထားနေတာထက် ရဲတပ်ဖွဲ့အနေနဲ့ လိင်နဲ့ပတ်သက်တဲ့တိုက်ခိုက်မှုတွေကနေ အာဂျင်တီးနားအမျိုး သမီးတွေကို ကာကွယ်ပေးဖို့ အာရုံစိုက်သင့်ပါ တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

“ ကျွန်မတို့ကို အကြမ်းပရမ်းပြုမှုတာ စော်ကားတာတွေကို ကာကွယ်ပေးရမယ့်အစား ရဲတပ်ဖွဲ့လုပ်တဲ့ တစ်ခုတည်းသောအလုပ်က ကျွန်မတို့ အပေါ်ပိုင်း ဗလာကျင်းပြီးနေခွင့်ကို ပိတ်ပင်တားဆီးဖို့ ကြိုးစားတာပါပဲ” လို့ သူမက ဆက်လက်ပြောဆိုခဲ့ပါတယ်။

အခြားလက်တင် အမေရိကနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အာဂျင်တီးနားအမျိုးသမီးတွေက သတ်ဖြတ်ခံရနိုင်မယ့် အခြေအနေမျိုး ပိုနည်းပါးပေမယ့်လည်း တိုင်းပြည်အရွယ်အစားအရ တွက်ချက်ကြည့်ရင် အသတ်ခံရတဲ့အမျိုးသမီးအရေအတွက်က တုန်လှုပ်စရာပါပဲ။ နာရီပေါင်း ၃၀ အကြာမှာ တစ်ဦးအသတ်ခံ နေရပြီး တစ်နှစ်မှာ ပျဉ်းပြအမျိုးသမီးပေါင်း ၂၅၀ သတ်ဖြတ်ခံနေရကြောင်း ဘူနိုအေးရီစ်အခြေစိုက် လာကာဆာဒေ အယ်ကွမ်းထရိုအဖွဲ့ရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။

နှိုင်းယှဉ်ကြည့်ရင် အာဂျင်တီးနားအမျိုးသမီးတွေဟာ လူဦးရေ တစ်သိန်းမှာ တစ်ဦးနူန်း လူသတ်မှုကျုးလွန်ခံနေရတာဖြစ်ပါတယ်။ တကယ်တော့ အာဂျင်တီးနားတိုင်းပြည်ဟာ အရပ်ဖက်လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားမှုမှာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ကြာကာလတုန်းက နီအူနာ မန်းနို့စ်လို့ အမည်ပေးထားတဲ့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှု ဆန့်ကျင်ရေးလှုပ်ရှားမှု အာဂျင်တီးနားမှာ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုက အခုအခါမှာ အရှိန်အဟုန် ပြင်းထန်လာခဲ့ပြီး ဒေသတွင်းမှာ အာရုံစိုက်မှု ကြီးကြီးမားမား ရရှိထားပါတယ်။

အဆိုပါလှုပ်ရှားမှုရဲ့နာမည်က မက္ကဆီကန်ကဗျာဆရာမတစ်ဦးဖြစ်တဲ့ ဆူဆန်နာချာဗေ့ဇ်ရဲ့ကဗျာကိုကိုးကားပြီး ဘယ်အမျိုးသမီး ကမှ အချည်းအနှီး မဟုတ်ဘူးလို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီကဗျာကို၁၉၉၅ခုနှစ်မှာ Ni una muerta más ဆိုတဲ့အမည်နဲ့ ရေးသား ခဲ့ပြီး “နောက်ထပ် ဘယ်အမျိုးသမီးမှ မသေဆုံးဘူး” လို့ ဆိုလိုပါတယ်။

နီအူနာလှုပ်ရှားမှုကို ၂၀၁၅ခုနှစ် ဇွန်လ ၃ရက်နေ့မှာ ပထမဆုံးအကြိမ် စတင်လှုပ်ရှားခဲ့ပါတယ်။ ၂၀၁၅နှစ်အစောပိုင်းမှာ ဆယ် ကျော်သက်အမျိုးသမီးငယ်တွေ အတော်များများအသတ်ခံရပြီးနောက်မှာ ဒီလှုပ်ရှားမှုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တဲ့လူ သတ်မှုတွေကြောင့် အာဂျင်တီးနား တစ်တိုင်းပြည်လုံး တုန်လှုပ်ခဲ့ရပါတယ်။

နီအူနာလှုပ်ရှားမှုက အဲဒီအချိန်ကစပြီး လက်တင်အမေရိကတတိုက်လုံးမှာ အရှိန်အ၀ါအားကောင်းခဲ့ရပါတယ်။ ၂နှစ်အတွင်းမှာ သုံးကြိမ် စုဝေးချီတက်ပွဲပေါ်ပေါက်ခဲ့ပြီး လက်တင်အမေရိကတတိုက်လုံးက သန်းနဲ့ချီတဲ့အမျိုးသမီးတွေ ပါဝင်လာခဲ့ကြပါတယ်။
ဒါဇင်နဲ့ချီတဲ့ သမဂ္ဂတွေ၊ အန်ဂျီအိုတွေက ယနေ့အမျိုးသမီးနေ့မှာ လာရောက်ပူးပေါင်းကြဖို့ စီစဉ်ခဲ့ကြပါတယ်။ အဲဒီအဖွဲ့အစည်း တွေက မိသားစုဘ၀တွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေရဲ့အရေးပါမှုကို ထင်ဟပ်စေဖို့ အဲဒီလိုလာရောက်ပူးပေါင်း ခဲ့ကြတာလည်း ဖြစ်ပါတယ်။

မဟာပုရိသ၀ါဒ-မာချီစ်မို (Machismo) က လက်တင်အမေရိကမှာ အမြစ်တွယ်နေတာပါ။ ရှေးရိုးစွဲဆန်သလို အမျိုးသမီးတွေကို သူတို့ရဲ့လက်တွဲဖော်ပါတနာက ရိုက်တာနှက်တာမျိုးက ကြားရတတ်တဲ့သတင်းမျိုးပါပဲ။ ဒါ့အပြင် ယောင်္ကျားတစ်ဦးတည်းက မိန်း မအများအပြားယူတာလည်း ရှိပါတယ်။ လမ်းမတွေပေါ်မှာ မိန်းမတွေကို ပါးစပ်နဲ့ ရိုင်းရိုင်းစိုင်းစိုင်းပြောတာဆိုတာမျိုးကတော့ ဘာမှကို အပြစ်ပေးမခံရတဲ့ကိစ္စလေးတွေပဲပေါ့။

ဒါပေမဲ့ မကြာသေးခင်က အမျိုးသမီးတွေကို သတ်ဖြတ်တာနဲ့ လိင်ပိုင်းဆိုင်ရာအရ စော်ကားတဲ့အမှုတွေကို မီဒီယာတွေမှာ ကျယ် ကျယ်ပြန့်ပြန့်ဖော်ပြလာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ သားကောင်ဖြစ်တဲ့အမျိုးသမီးငယ်လေးတွေက သူရဲကောင်းတွေဖြစ်လာခဲ့ တယ်။
နီအူနာလှုပ်ရှားမှုတွေက အခုအချိန်မှာ လက်တင်အမေရိကတိုက်ကို ကျော်ဖြတ်ပြီး အခြားဒေသတွေအထိ ပျံ့နှံလာပါပြီ။

ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်ခန့်က စပိန်နိုင်ငံမှာ နီအူနာအလံတော်အောက်ကနေ အမျိုးသမီး ၈ဦး အစာငတ်ခံဆန္ဒပြခဲ့ကြပါတယ်။ တစ်နှစ်တည်းမှာပဲ အမျိုးသမီး ၁၁ ဦးကို သူတို့ရဲအဖော်တွေက သတ်ဖြတ်ခဲ့ကြတဲ့အတွက် အဲဒီလိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ မက်ဒရစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီဆန္ဒပြပွဲကို ရာနဲ့ချီတဲ့ စပိန်ပြည်သူတွေက အားပေးထောက်ခံ ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)