ထိုင်းတပ်ကြပ်က ပစ်သတ်လို့ သေဆုံးသူ ၂၆ ဦးရှိ၊ ၅၇ ဦး ဒဏ်ရာရ

0
192

ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း၊ နခွန် ရတ်ချာစီမာမြို့မှာ သေနတ်သမား ထိုင်းတပ်ကြပ်ကို ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပစ်မသတ်နိုင်ခင် ထိုင်းတပ်ကြပ်က ပစ်သတ်လို့ သေဆုံးသွားသူ စုစုပေါင်း ၂၆ ဦး ရှိပြီး ဒဏ်ရာရသူက ၅၇ ဦး ရှိတယ်လို့ ထိုင်းအစိုးရ အရာရှိတွေက ပြောပါတယ်။

ငွေကြေးဆိုင်ရာ အငြင်းပွားမှု ဖြစ်ပြီးနောက် ဒေါသထွက်နေတဲ့ ထိုင်းစစ်သားက ဖေဖော်ဝါရီလ ၈ ရက်နေ့က ထိုင်းစစ်အခြေစိုက် စခန်းမှာ လူနှစ်ဦးကို အရင်ဆုံး ပစ်သတ်ခဲ့ပါတယ်။ အဲဒီနောက် စျေးဝယ်စင်တာကို ဆက်ပြီး သွားခဲ့ပြီး စျေးဝယ်စင်တာမှာ စျေးလာဝယ်သူတွေကိုလည်း ဓားစာခံအဖြစ် ဖမ်းထားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ထိုင်းတပ်ကြပ် ဂျာကရာပါနတ် သွန်မာက စျေးဝယ်စင်တာ တာမီနယ် ၂၁ မှာ ပစ်ခတ်မှုတွေ ဆက်လုပ်ခဲ့ပါတယ်။ အကြမ်းဖက်မှု အဆုံးသတ်နိုင်ဖို့ ရဲနဲ့ စစ်တပ်က ၁၆ နာရီကြာ အချိန်ယူခဲ့ရပါတယ်။

ဒီလို အဖြစ်မျိုးဟာ ထိုင်းနိုင်ငံမှာ မကြုံဖူးကြောင်း၊ အခု ဖြစ်ပွားတာမျိုးဟာ ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်ဖို့ မျှော်လင့်ကြောင်းနဲ့ နောက် ဘယ်တော့မှ မဖြစ်စေလိုကြောင်း၊ ဘယ်သူ့ကိုမှလည်း မဖြစ်စေချင်ကြောင်း၊ အခုကိစ္စဟာလည်း ခဏတာအတွင်းမှာ လူတစ်ယောက်ရဲ့ စိတ်အခြေအနေကြောင့် ဖြစ်နိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောပါတယ်။

ထိုင်းတပ်ကြပ်က ပစ်သတ်လို့ သေဆုံးသူ ၂၆ ဦးရှိ၊ ၅၇ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း၊ နခွန် ရတ်ချာစီမာမြို့မှာ သေနတ်သမား ထိုင်းတပ်ကြပ်ကို ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပစ်မသတ်နိုင်ခင် ထိုင်းတပ်ကြပ်က ပစ်သတ်လို့ သေဆုံးသွားသူ စုစုပေါင်း ၂၆ ဦး ရှိပြီး ဒဏ်ရာရသူက ၅၇ ဦး ရှိတယ်လို့ ထိုင်းအစိုးရ အရာရှိတွေက ပြောပါတယ်။

ငွေကြေးဆိုင်ရာ အငြင်းပွားမှု ဖြစ်ပြီးနောက် ဒေါသထွက်နေတဲ့ ထိုင်းစစ်သားက ဖေဖော်ဝါရီလ ၈ ရက်နေ့က ထိုင်းစစ်အခြေစိုက် စခန်းမှာ လူနှစ်ဦးကို အရင်ဆုံး ပစ်သတ်ခဲ့ပါတယ်။ အဲဒီနောက် ဈေးဝယ်စင်တာကို ဆက်ပြီး သွားခဲ့ပြီး ဈေးဝယ်စင်တာမှာ ဈေးလာဝယ်သူတွေကိုလည်း ဓားစာခံအဖြစ် ဖမ်းထားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ထိုင်းတပ်ကြပ် ဂျာကရာပါနတ် သွန်မာက ဈေးဝယ်စင်တာ တာမီနယ် ၂၁ မှာ ပစ်ခတ်မှုတွေ ဆက်လုပ်ခဲ့ပါတယ်။ အကြမ်းဖက်မှု အဆုံးသတ်နိုင်ဖို့ ရဲနဲ့ စစ်တပ်က ၁၆ နာရီကြာ အချိန်ယူခဲ့ရပါတယ်။

ဒီလို အဖြစ်မျိုးဟာ ထိုင်းနိုင်ငံမှာ မကြုံဖူးကြောင်း၊ အခု ဖြစ်ပွားတာမျိုးဟာ ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်ဖို့ မျှော်လင့်ကြောင်းနဲ့ နောက် ဘယ်တော့မှ မဖြစ်စေလိုကြောင်း၊ ဘယ်သူ့ကိုမှလည်း မဖြစ်စေချင်ကြောင်း၊ အခုကိစ္စဟာလည်း ခဏတာအတွင်းမှာ လူတစ်ယောက်ရဲ့ စိတ်အခြေအနေကြောင့် ဖြစ်နိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)