SARS ရောဂါ သေဆုံးမှုနှုန်းကို ကျော်လွန်သွားတဲ့ Corona ဗိုင်းရပ်စ် ရောဂါ

0
67

ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲပိုင်းမှာတော့ Corona ဗိုင်းရပ်စ် ရောဂါကြောင့် လူသေဆုံးမှုဟာ ၈၀၀ ကျော် ရှိသွားပြီးနောက် အရင်က ဖြစ်ခဲ့တဲ့ SARS (ဆားစ်) ရောဂါကြောင့် ကမ္ဘာတစ်ဝန်း လူသေဆုံးမှု နှုန်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

၂၀၀၂ – ၂၀၀၃ ခုနှစ် SARS ရောဂါ ဖြစ်ပွားစဉ်က လူသေဆုံးမှု ၇၇၄ ခု ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မှတ်တမ်းတင်ထားပါတယ်။ Corona ဗိုင်းရပ်စ် ရောဂါ ကူစက်မှုဟာလည်း ၃၇၅၀၀၀ ကို ကျော်လွန်သွားခဲ့ပါပြီ။ ပြင်းထန် အဆုတ်ရောင် Corona ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အသက် ၆၀ အရွယ် အမေရိကန် တစ်ဦးလည်း ရှိလာခဲ့ပြီး ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့ ပထမဆုံး အမေရိကန် နိုင်ငံသားအဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

Corona ဗိုင်းရပ်စ် ရောဂါ ကူးစက်ဖြစ်ပွားမှုနဲ့ သေဆုံးမှု အများဆုံးဟာ ဝူဟန်မြို့ တည်ရှိတဲ့ ဟူပေးပြည်နယ်ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားက နိုင်ငံပေါင်း ၂ ဒါဇင်ကျော်မှာလည်း ဗိုင်းရပ်စ်ကူးစက်မှုပေါင်း အနည်းဆုံး ၂၉၀ နီးပါး ရှိနေပါတယ်။