လူ ၂၀ ကို သတ်ခဲ့တဲ့ ထိုင်း စစ်သားကို ပစ်သတ်

0
89
devices -->

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အနည်းဆုံး လူ ၂၀ ကို ပစ်သတ်ပြီးနောက် စျေးဝယ်စင်တာ တစ်ခုမှာ လူတွေကို ဓားစာခံအဖြစ် ဖမ်းပြီး စီးနင်းထားတဲ့ ထိုင်းစစ်သားကို ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေက ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပစ်သတ်လိုက်ပြီ ဖြစ်ပါတယ်။

နခွန် ရတ်ချစီမာမြို့ရှိ စျေးဝယ်စင်တာ တာမီနယ် ၂၁ မှာ အဲဒီ အကြမ်းဖက်တဲ့ ထိုင်းစစ်သားကို ပစ်သတ်လိုက်ပြီလို့ ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီး အနုတင် ချန်ဗီရာကူးလ်က အတည်ပြုပါတယ်။ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဒီအဖြစ်အပျက်ကို အဆုံးသတ်ပေးလို့ ကျေးဇူးတင်ကြောင်း၊ သေနတ်သမား သေဆုံးပြီ ဖြစ်ကြောင်း ဝန်ကြီး ချန်ဗီရာကူးလ်က လူမှုကွန်ရက် Facebook မှာ ရေးသားခဲ့ပါတယ်။

သေနတ်သမားဟာ အသက် ၃၂ နှစ်အရွယ် ထိုင်းစစ်သား ဂျာကရာပါနတ် သွန်မာ ဖြစ်တယ်လို့ ဖော်ထုတ်သိရှိရပါတယ်။ သေနတ်သမားဟာ လူတွေကို ပစ်ခတ်မှုတွေကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စတင် လုပ်ခဲ့တာ ဖြစ်ပြီး ပထမက အိမ်တစ်အိမ်မှာ သေနတ်နဲ့ ပစ်ခတ်ကာ စစ်စခန်းကို သွားခဲ့ပြီး ထပ်မံ ပစ်ခတ်ပါတယ်။ အဲဒီနောက် စျေးဝယ်စင်တာကို ဆက်သွားခဲ့တာပါ။ သေနတ်သမားဟာ လူလုပ်သမျှ၊ သွားသမျှကို Facebook ပေါ် တင်ခဲ့ပါတယ်။

သူ့ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး တခြား လူ ၄၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သူဘာကြောင့် ပစ်ခတ်သတ်ဖြတ်သလဲဆိုတာကို မသိရသေးကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူ တစ်ဦးက ပြောပါတယ်။

လူ ၂၀ ကို သတ်ခဲ့တဲ့ ထိုင်း စစ်သားကို ပစ်သတ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အနည်းဆုံး လူ ၂၀ ကို ပစ်သတ်ပြီးနောက် ဈေးဝယ်စင်တာ တစ်ခုမှာ လူတွေကို ဓားစာခံအဖြစ် ဖမ်းပြီး စီးနင်းထားတဲ့ ထိုင်းစစ်သားကို ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေက ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပစ်သတ်လိုက်ပြီ ဖြစ်ပါတယ်။

နခွန် ရတ်ချစီမာမြို့ရှိ ဈေးဝယ်စင်တာ တာမီနယ် ၂၁ မှာ အဲဒီ အကြမ်းဖက်တဲ့ ထိုင်းစစ်သားကို ပစ်သတ်လိုက်ပြီလို့ ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီး အနုတင် ချန်ဗီရာကူးလ်က အတည်ပြုပါတယ်။ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဒီအဖြစ်အပျက်ကို အဆုံးသတ်ပေးလို့ ကျေးဇူးတင်ကြောင်း၊ သေနတ်သမား သေဆုံးပြီ ဖြစ်ကြောင်း ဝန်ကြီး ချန်ဗီရာကူးလ်က လူမှုကွန်ရက် Facebook မှာ ရေးသားခဲ့ပါတယ်။

သေနတ်သမားဟာ အသက် ၃၂ နှစ်အရွယ် ထိုင်းစစ်သား ဂျာကရာပါနတ် သွန်မာ ဖြစ်တယ်လို့ ဖော်ထုတ်သိရှိရပါတယ်။ သေနတ်သမားဟာ လူတွေကို ပစ်ခတ်မှုတွေကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စတင် လုပ်ခဲ့တာ ဖြစ်ပြီး ပထမက အိမ်တစ်အိမ်မှာ သေနတ်နဲ့ ပစ်ခတ်ကာ စစ်စခန်းကို သွားခဲ့ပြီး ထပ်မံ ပစ်ခတ်ပါတယ်။ အဲဒီနောက် ဈေးဝယ်စင်တာကို ဆက်သွားခဲ့တာပါ။ သေနတ်သမားဟာ လူလုပ်သမျှ၊ သွားသမျှကို Facebook ပေါ် တင်ခဲ့ပါတယ်။

သူ့ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး တခြား လူ ၄၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သူဘာကြောင့် ပစ်ခတ်သတ်ဖြတ်သလဲဆိုတာကို မသိရသေးကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူ တစ်ဦးက ပြောပါတယ်။