ခရစ္ယာန္ ဓမၼဆရာ ႏွစ္ဦး မကၠဆီကိုမွာ ၿခံဳခိုတိုက္ခိုက္ သတ္ျဖတ္ခံရ

0
1051

မကၠဆီကိုႏိုင္ငံမွာ ခရစ္ယာန္ ဓမၼဆရာ ႏွစ္ဦး ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က ၿခံဳခိုတိုက္ခိုက္ခံရလို႔ ေသဆံုးသြားပါတယ္။

မကၠဆီကိုစီးတီး ေတာင္ပိုင္း၊ ဂူရီ႐ိုျပည္နယ္၊ တက္စကိုနဲ႔ အီဂြာလာၿမိဳ႕ၾကားမွာ ၿခံဳခိုတိုက္ခိုက္ခံရတဲ့အတြက္ ဖာသာ အီဗန္ အာႏိုဗီ ေဂ်းမက္စ္နဲ႔ ဖာသာ ဂ်ာမိန္း မူနစ္ဇ္ ဂါစီယာတို႔ ေသဆံုးခဲ့တာ ျဖစ္ပါတယ္။ လက္နက္ကိုင္ အဖြဲ႔တစ္ဖြဲ႔က ကားကို ႐ုတ္တရက္ တားဆီးၿပီး ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာလို႔ ရဲက ေျပာပါတယ္။ ဓမၼဆရာေတြနဲ႔ အတူပါလာတဲ့ ခရီးသည္ ၄ ဦးလည္း ဒဏ္ရာရခဲ့ပါတယ္။

ခရစ္ယာန္ အဖြဲ႔အစည္းက ဒီကိစၥကို စံုစမ္းစစ္ေဆးေပးဖို႔ ေတာင္းဆိုထားပါတယ္။ မကၠဆီကိုမွာ ၅ ႏွစ္အတြင္း အသတ္ခံရတဲ့ ခရစ္ယာန္ ဓမၼဆရာ စုစုေပါင္း ၂၁ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ခရစ်ယာန် ဓမ္မဆရာ နှစ်ဦး မက္ကဆီကိုမှာ ခြုံခိုတိုက်ခိုက် သတ်ဖြတ်ခံရ

မက္ကဆီကိုနိုင်ငံမှာ ခရစ်ယာန် ဓမ္မဆရာ နှစ်ဦး ဖေဖော်ဝါရီလ ၅ ရက်နေ့က ခြုံခိုတိုက်ခိုက်ခံရလို့ သေဆုံးသွားပါတယ်။

မက္ကဆီကိုစီးတီး တောင်ပိုင်း၊ ဂူရီရိုပြည်နယ်၊ တက်စကိုနဲ့ အီဂွာလာမြို့ကြားမှာ ခြုံခိုတိုက်ခိုက်ခံရတဲ့အတွက် ဖာသာ အီဗန် အာနိုဗီ ဂျေးမက်စ်နဲ့ ဖာသာ ဂျာမိန်း မူနစ်ဇ် ဂါစီယာတို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ကားကို ရုတ်တရက် တားဆီးပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ရဲက ပြောပါတယ်။ ဓမ္မဆရာတွေနဲ့ အတူပါလာတဲ့ ခရီးသည် ၄ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

ခရစ်ယာန် အဖွဲ့အစည်းက ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။ မက္ကဆီကိုမှာ ၅ နှစ်အတွင်း အသတ်ခံရတဲ့ ခရစ်ယာန် ဓမ္မဆရာ စုစုပေါင်း ၂၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)