တစ္ထည္ကို ယန္း ၈ ေသာင္းတန္ ေက်ာင္းဝတ္စံု ေျပာင္းလဲမယ့္ ဂ်ပန္ေက်ာင္း ေဝဖန္ခံရ

0
1020

ဂ်ပန္ႏိုင္ငံက မူလတန္းေက်ာင္း တစ္ေက်ာင္းဟာ နာမည္ေက်ာ္ၿပီး ေစ်းအလြန္ႀကီးတဲ့ အီတလီကုမၸဏီ ဂ်ီေယာ္ဂ်ီယို အာေမနီထုတ္ ဝတ္စံုကို ေက်ာင္းဝတ္စံုအျဖစ္ ေျပာင္းလဲသတ္မွတ္မယ့္ ကိစၥကို ေဝဖန္မႈေတြ ရွိေနပါတယ္။

ေက်ာင္းဝတ္စံုဟာ တစ္ထည္ကို ယန္း ၈ ေသာင္း (အေမရိကန္ေဒၚလာ ၇၃၀) က်သင့္မွာ ျဖစ္တဲ့အတြက္ အခုလို ေဝဖန္ခံေနရတာ ျဖစ္ပါတယ္။ ေက်ာင္းသားမိဘေတြက ကန္႔ကြက္ေနၾကၿပီး ဒီ ေက်ာင္းဝတ္စံုကစၥကို လႊတ္ေတာ္မွာ တင္ျပဖို႔အထိ လုပ္ေဆာင္ေနပါတယ္။

လူကံုထံေတြေနတဲ့ ဂင္ဇာရွိ တိုင္မဲအိ မူလတန္းေက်ာင္းက ၿပီးခဲ့တဲ့ ႏိုဝင္ဘာလမွာ မိဘေတြဆီ ေက်ာင္းဝတ္စံု ေျပာင္းလဲမယ့္အေၾကာင္း၊ ထူးျခားထင္ရွားတဲ့ အမွတ္အသား ျဖစ္ေစဖို႔ ျဖစ္ေၾကာင္း အေၾကာင္းၾကားစာ ေပးပို႔ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တစ်ထည်ကို ယန်း ၈ သောင်းတန် ကျောင်းဝတ်စုံ ပြောင်းလဲမယ့် ဂျပန်ကျောင်း ဝေဖန်ခံရ

ဂျပန်နိုင်ငံက မူလတန်းကျောင်း တစ်ကျောင်းဟာ နာမည်ကျော်ပြီး ဈေးအလွန်ကြီးတဲ့ အီတလီကုမ္ပဏီ ဂျီယော်ဂျီယို အာမေနီထုတ် ဝတ်စုံကို ကျောင်းဝတ်စုံအဖြစ် ပြောင်းလဲသတ်မှတ်မယ့် ကိစ္စကို ဝေဖန်မှုတွေ ရှိနေပါတယ်။

ကျောင်းဝတ်စုံဟာ တစ်ထည်ကို ယန်း ၈ သောင်း (အမေရိကန်ဒေါ်လာ ၇၃၀) ကျသင့်မှာ ဖြစ်တဲ့အတွက် အခုလို ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ကျောင်းသားမိဘတွေက ကန့်ကွက်နေကြပြီး ဒီ ကျောင်းဝတ်စုံကစ္စကို လွှတ်တော်မှာ တင်ပြဖို့အထိ လုပ်ဆောင်နေပါတယ်။

လူကုံထံတွေနေတဲ့ ဂင်ဇာရှိ တိုင်မဲအိ မူလတန်းကျောင်းက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ မိဘတွေဆီ ကျောင်းဝတ်စုံ ပြောင်းလဲမယ့်အကြောင်း၊ ထူးခြားထင်ရှားတဲ့ အမှတ်အသား ဖြစ်စေဖို့ ဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)