ကင္ဂ်ံဳအန္းရဲ႕ ညီမ ကင္ယိုဂ်ြန္ ပါ၀င္တဲ့ ကိုယ္စားလွယ္အဖြဲ႔ ေတာင္ကိုရီးယား ေရာက္ရွိ

0
1130

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္းရဲ႕ ညီမ ကင္ယိုဂ်ြန္ပါဝင္တဲ့ ကိုယ္စားလွယ္အဖြဲ႔ဟာ ဒီကေန႔ ေဖေဖာ္၀ါရီလ ၉ ရက္ေန႔မွာ ၿပံဳခ်မ္း ေဆာင္းရာသီ အိုလံပစ္ပြဲကို တက္ေရာက္ဖို႔ ေတာင္ကိုရီးယားႏိုင္ငံကုိ ေရာက္ရွိလာၿပီ ျဖစ္ပါတယ္။

ေဒသစံေတာ္ခ်ိန္ ေန႔လည္ ၂ နာရီမွာ ကင္ဂ်ံဳအန္းရဲ႕ ဂ်က္ေလယာဥ္နဲ႔ ေရာက္ရွိလာတာျဖစ္ၿပီး ဟန္ျပ ႏိုင္ငံေခါင္းေဆာင္ ကင္ယြန္နမ္လည္း ပါဝင္ပါတယ္။ ကင္ယိုဂ်ြန္ဟာ ေျမာက္ကိုရီးယား အုပ္စိုးသူ မိသားစုဝင္ေတြအနက္ ပထမဆံုး ေတာင္ကိုရီးယားကို လာေရာက္သူ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယား ကုိယ္စားလွယ္အဖြဲ႔ကို ေတာင္ကုိရီးယားေလဆိပ္မွာ ကိုရီးယား ျပန္လည္ေပါင္းစည္းေရး ဝန္ႀကီး ခ်ိဳေျမာင္ဂြ်န္းက ႀကိဳဆိုပါတယ္။ ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းဟာ ကင္ယိုဂ်ြန္နဲ႔ ေတြ႔ဆံုၿပီး ေန႔လည္စာ စားဖို႔လည္း အစီအစဥ္ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ကင်ဂျုံအန်းရဲ့ ညီမ ကင်ယိုဂျွန် ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယား ရောက်ရှိ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမ ကင်ယိုဂျွန်ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြုံချမ်း ဆောင်းရာသီ အိုလံပစ်ပွဲကို တက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒေသစံတော်ချိန် နေ့လည် ၂ နာရီမှာ ကင်ဂျုံအန်းရဲ့ ဂျက်လေယာဉ်နဲ့ ရောက်ရှိလာတာဖြစ်ပြီး ဟန်ပြ နိုင်ငံခေါင်းဆောင် ကင်ယွန်နမ်လည်း ပါဝင်ပါတယ်။ ကင်ယိုဂျွန်ဟာ မြောက်ကိုရီးယား အုပ်စိုးသူ မိသားစုဝင်တွေအနက် ပထမဆုံး တောင်ကိုရီးယားကို လာရောက်သူ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို တောင်ကိုရီးယားလေဆိပ်မှာ ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီး ချိုမြောင်ဂျွန်းက ကြိုဆိုပါတယ်။ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းဟာ ကင်ယိုဂျွန်နဲ့ တွေ့ဆုံပြီး နေ့လည်စာ စားဖို့လည်း အစီအစဉ် ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)