ရထားသံလမ္းမွာ ဆယ္လ္ဖီ ဓာတ္ပံု႐ိုက္တဲ့ ထိုင္းအမ်ိဳးသမီး ေသဆံုး

0
1053

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ အမ်ိဳးသား သူငယ္ခ်င္း တစ္ဦးနဲ႔ အတူ ရထားလမ္းေပၚ ဆယ္လ္ဖီဓာတ္ပံု ႐ိုက္ကူးတဲ့ အမ်ိဳးသမီးတစ္ဦး ေသဆံုးသြားပါတယ္။

သူတို႔ဟာ အရက္မူးေနၿပီး ရထားနဲ႔အတူ ဓာတ္ပံု႐ိုက္ဖို႔ ဆံုးျဖတ္ခဲ့ေၾကာင္း၊ ဒါေပမယ့္ တစ္ဖက္က ရထားလမ္းမွာ ရထား ခ်ဥ္းကပ္လာေနတာကို သတိမျပဳမိခဲ့ေၾကာင္း ေသဆံုးသူရဲ႕ သူငယ္ခ်င္းက ရဲကို ေျပာပါတယ္။ ဘန္ေကာက္ၿမိဳ႕ရွိ ဆမ္ဆင္ ဘူတာ႐ံုမွာ ေဖေဖာ္ဝါရီ ၈ ရက္ေန႔ မနက္ပိုင္းက ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ အမ်ိဳးသမီးဟာ ေျခေထာက္မွာ ျပင္းျပင္းထန္ထန္ ဒဏ္ရာရၿပီး ေဆး႐ံုအေရာက္မွာ ေသဆံုးသြားတာ ျဖစ္ပါတယ္။ အမ်ိဳးသား သူငယ္ခ်င္းျဖစ္သူလည္း ဒဏ္ရာျပင္းျပင္းထန္ထန္ရၿပီး ေဆး႐ံုမွာ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ရထားသံလမ်းမှာ ဆယ်လ်ဖီ ဓာတ်ပုံရိုက်တဲ့ ထိုင်းအမျိုးသမီး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အမျိုးသား သူငယ်ချင်း တစ်ဦးနဲ့ အတူ ရထားလမ်းပေါ် ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးတဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။

သူတို့ဟာ အရက်မူးနေပြီး ရထားနဲ့အတူ ဓာတ်ပုံရိုက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ ဒါပေမယ့် တစ်ဖက်က ရထားလမ်းမှာ ရထား ချဉ်းကပ်လာနေတာကို သတိမပြုမိခဲ့ကြောင်း သေဆုံးသူရဲ့ သူငယ်ချင်းက ရဲကို ပြောပါတယ်။ ဘန်ကောက်မြို့ရှိ ဆမ်ဆင် ဘူတာရုံမှာ ဖေဖော်ဝါရီ ၈ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဟာ ခြေထောက်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတာ ဖြစ်ပါတယ်။ အမျိုးသား သူငယ်ချင်းဖြစ်သူလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ဆေးရုံမှာ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)