
0
1068




>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှား အားကစားသမား ၄၅ ဦးရဲ့ အယူခံ ပယ်ချခံရ

ရုရှား အားကစားသမား ၄၅ ဦးနဲ့ နည်းပြ ၂ ဦးရဲ့ အယူခံကို ပြုံချမ်း ဆောင်းရာသီ ဖွင့်ပွဲမတိုင်မီ ၉ နာရီအလိုမှာ အားကစားဆိုင်ရာ ခုံသမာဓိ တရားရုံးက ပယ်ချလိုက်ပါတယ်။

ရုရှား အားကစားသမားတွေနဲ့ နည်းပြတွေဟာ၂၀၁၄ ခုနှစ် ဆိုချီ အားကစားပြိုင်ပွဲမှာ တားမြစ်ဆေး သုံးစွဲတယ်ဆိုပြီး ပြိုင်ပွဲမဝင်ဖို့ နိုင်ငံတကာ အိုလံပစ် ကော်မတီ (OIC) က တားမြစ်ထားတာ ဖြစ်ပါတယ်။ OIC ဟာ အိုလံပစ် အားကစားပွဲတွေနဲ့ ပတ်သက်လို့ စံချိန်စံညွှန်းကို သတ်မှတ်ခွင့်ရှိတယ်လို့ အားကစားဆိုင်ရာ ခုံသမာဓိ တရားရုံးက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အားကစားဆိုင်ရာ ခုံသမာဓိ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို OIC က ကြိုဆိုလိုက်ပြီး တားမြစ်ဆေး သုံးစွဲမှုကို ဆန့်ကျင်တာကို အထောက်အကူ ဖြစ်စေတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)