ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ခါလီဒါဇီယာ အဂတိလိုက္စားမႈနဲ႔ ေထာင္ဒဏ္ ခ်မွတ္ခံရ

0
390

ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ခါလီဒါဇီယာဟာ အဂတိလိုက္စားမႈ က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားတဲ့အတြက္ ေထာင္ဒဏ္ ၅ ႏွစ္ ခ်မွတ္ခံလိုက္ရပါတယ္။

ဒါကာၿမိဳ႕ရွိ အထူးတရား႐ံုးက မေန႔က ေဖေဖာ္ဝါရီ ၈ ရက္မွာ အမိန္႔ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။ ခါလီဒါဇီယာရဲ႕ သားျဖစ္သူ တာရစ္ရာမန္နဲ႔ တျခား တရားခံ ၅ ဦးကိုလည္း ေထာင္ဒဏ္ ၁၀ ႏွစ္စီ ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။

ခါလီဒါဇီယာကို ၂၀၀၈ ခုႏွစ္မွာ အဂတိလိုက္စားမႈနဲ႔ အမႈဖြင့္တာ ျဖစ္ၿပီး သူ႔သား တာရစ္ရာမန္နဲ႔ တျခား ၅ ဦးဟာ ႏိုင္ငံျခားက လႉဒါန္းတဲ့ မိဘမဲ့ကေလးမ်ားေဂဟာအတြက္ အလႉေငြ အေမရိကန္ ေဒၚလာ ၂ သိန္းခြဲေက်ာ္ကို အလြဲသံုးစား လုပ္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ချမှတ်ခံရ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာဟာ အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံလိုက်ရပါတယ်။

ဒါကာမြို့ရှိ အထူးတရားရုံးက မနေ့က ဖေဖော်ဝါရီ ၈ ရက်မှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ခါလီဒါဇီယာရဲ့ သားဖြစ်သူ တာရစ်ရာမန်နဲ့ တခြား တရားခံ ၅ ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ခါလီဒါဇီယာကို ၂၀ဝ၈ ခုနှစ်မှာ အဂတိလိုက်စားမှုနဲ့ အမှုဖွင့်တာ ဖြစ်ပြီး သူ့သား တာရစ်ရာမန်နဲ့ တခြား ၅ ဦးဟာ နိုင်ငံခြားက လှူဒါန်းတဲ့ မိဘမဲ့ကလေးများဂေဟာအတွက် အလှူငွေ အမေရိကန် ဒေါ်လာ ၂ သိန်းခွဲကျော်ကို အလွဲသုံးစား လုပ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)