
0
997





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် မူလတန်း ကျောင်းအုပ်ဆရာ လိင်ပြောင်းဖို့ ပြင်ဆင်

အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်က အိမ်ထောင်ရှင် မူလတန်း ကျောင်းအုပ်ဆရာတစ်ဦးဟာ လိင်ပြောင်းဖို့ ပြင်ဆင်နေပြီး သူ့အပေါ် အခေါ်အဝေါ် အသုံးအနှုန်းတွေ ပြောင်းဖို့ ကျောင်းသားမိဘတွေ စာပို့လိုက်ပါတယ်။

ဆွမ့်ပ်စကောက်က မူလတန်း ကျောင်းအုပ်ဖြစ်သူ ကလေး သုံးယောက် ဖခင် ရှန်နွန် ဒင်နီယယ်လ်က ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျောင်းသားမိဘတွေဆီ စာပေးပို့လိုက်တာ ဖြစ်ပါတယ်။ စာထဲမှာ သူ့နာမည် ပထမ အခေါ်အဝေါ်ကို ‘တွမ်’ အစား ‘ရှန်နွန်’ လို့ ပြောင်းခေါ်ဖို့နဲ့ အနာဂတ်မှာ လိင်ပြောင်းလဲ ခွဲစိတ်မှု မပြုခင် အခုကတည်းက စပြီး အမျိုးသမီးတစ်ယောက်လို ပြုမှုနေထိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကျောင်းသား ကျောင်းသူတွေကိုလည်း ဒီအပြောင်းအလဲနဲ့ ပတ်သက်ပြီး ရှင်းပြဖို့ စာထဲမှာ ဖော်ပြထားပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)