
0
1374




>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိုလံပစ်ပွဲ မီဒီယာရွာအနီး မီးလောင်မှုဖြစ်

တောင်ကိုရီးယားနိုင်ငံ၊ ပြုံချမ်း ဆောင်းရာသီ အိုလံပစ်ပွဲ မီဒီယာရွာ အနီးမှာ မနေ့က ဖေဖော်ဝါရီ ၈ ရက်နေ့က မီးလောင်မှု ဖြစ်လို့ အရေးပေါ် ကယ်ဆယ်ရေးတွေ သွားခဲ့ရပါတယ်။

ဂန်နူအန် အိုလံပစ် ပန်းခြံအနီး မီးခိုးတွေ ထွက်နေတာကို မြင်ခဲ့ကြရပြီး ကဖေးဆိုင်တစ်ဆိုင်နောက်က ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မီးလောင်တာဖြစ်တယ်လို့ ရဲက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို စစ်ဆေးနေပါတယ်။

၂၀၁၈ ခုနှစ် ပြုံချမ်း ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)