IS အဖြဲ႔ဝင္ ၿဗိတိသွ် အၾကမ္းဖက္သမား ႏွစ္ဦးကို ဖမ္းမိ

0
987

အေမရိကန္က ေက်ာေထာက္ေနာက္ခံ ေပးထားတဲ့ ဆီးရီးယား ဒီမိုကရက္တစ္ တပ္ဖြဲ႔ဟာ IS အစၥလာမ္ အၾကမ္းဖက္အဖြဲ႔ဝင္ ‘ဘီတဲလ္’ လို႔ လူသိမ်ားတဲ့ ၿဗိတိသွ် အၾကမ္းဖက္သမား ႏွစ္ဦးကို ဖမ္းမိခဲ့ပါတယ္။

ဓားစာခံေတြကို ေခါင္းျဖတ္သတ္တဲ့ အဲဒီ ၿဗိတိသွ် ႏိုင္ငံသား အယ္လ္ ရွာဖီ အယ္လ္ရွိတ္နဲ႔ အလက္ဇန္းဒါး အာမြန္ ကိုတီ တို႔ကို ဇန္နဝါရီလ အေစာပိုင္းက ဆီးရီးယား အေရွ႕ပိုင္းမွာ ဖမ္းမိတာျဖစ္တယ္လို႔ အေမရိကန္ အရာရွိတစ္ဦးက ေျပာပါတယ္။

အေမရိကန္ ဂ်ာနယ္လစ္ ဂ်ိမ္းစ္ ေဖာ္ေလ နဲ႔ စတီဗင္ ေဆာ့တ္ေလာ့ဖ္၊ အေမရိကန္ အကူအညီေပးေရး လုပ္သား ပီတာ ကက္ဆစ္ တို႔အပါအဝင္ ဓားစာခံ ႏွစ္ဒါဇင္ေက်ာ္ကို ဖမ္းဆီးတာ၊ ႏွိပ္စက္တာ၊ ေခါင္းျဖတ္သတ္တာ လုပ္ခဲ့တဲ့ IS အၾကမ္းဖက္ အဖြဲ႔ဝင္ ေလးဦးအနက္ ၿဗိတိသွ် အၾကမ္းဖက္သမား ႏွစ္ဦးလည္း အပါအဝင္ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

IS အဖွဲ့ဝင် ဗြိတိသျှ အကြမ်းဖက်သမား နှစ်ဦးကို ဖမ်းမိ

အမေရိကန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ဟာ IS အစ္စလာမ် အကြမ်းဖက်အဖွဲ့ဝင် ‘ဘီတဲလ်’ လို့ လူသိများတဲ့ ဗြိတိသျှ အကြမ်းဖက်သမား နှစ်ဦးကို ဖမ်းမိခဲ့ပါတယ်။

ဓားစာခံတွေကို ခေါင်းဖြတ်သတ်တဲ့ အဲဒီ ဗြိတိသျှ နိုင်ငံသား အယ်လ် ရှာဖီ အယ်လ်ရှိတ်နဲ့ အလက်ဇန်းဒါး အာမွန် ကိုတီ တို့ကို ဇန်နဝါရီလ အစောပိုင်းက ဆီးရီးယား အရှေ့ပိုင်းမှာ ဖမ်းမိတာဖြစ်တယ်လို့ အမေရိကန် အရာရှိတစ်ဦးက ပြောပါတယ်။

အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ် ဖော်လေ နဲ့ စတီဗင် ဆော့တ်လော့ဖ်၊ အမေရိကန် အကူအညီပေးရေး လုပ်သား ပီတာ ကက်ဆစ် တို့အပါအဝင် ဓားစာခံ နှစ်ဒါဇင်ကျော်ကို ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ ခေါင်းဖြတ်သတ်တာ လုပ်ခဲ့တဲ့ IS အကြမ်းဖက် အဖွဲ့ဝင် လေးဦးအနက် ဗြိတိသျှ အကြမ်းဖက်သမား နှစ်ဦးလည်း အပါအဝင် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)