0
1089
အသက် ၈ နှစ်အောက် ယောက်ျားလေး ၃ ဦးကို အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးထားသူ ၇ ဦးကို နောက်ထပ် သက်ငယ်မုဒိမ်းမု ၁၀၀ ကျော်နဲ့ သြစတြေးလျရဲက ထပ်မံ အရေးယူထားပါတယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>
သြစတြေးလျ ၇ ဦးကို သက်ငယ် မုဒိမ်းမှု ၁၀ဝ ကျော်နဲ့ ထပ်မံ အရေးယူ
အသက် ၈ နှစ်အောက် ယောကျာ်းလေး ၃ ဦးကို အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးထားသူ ၇ ဦးကို နောက်ထပ် သက်ငယ်မုဒိမ်းမု ၁၀ဝ ကျော်နဲ့ သြစတြေးလျရဲက ထပ်မံ အရေးယူထားပါတယ်။
ပြန်ပေးဆွဲမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ကလေးငယ်တွေနဲ့ ညစ်ညမ်းကား ရိုက်ကူးမှု စတာတွေနဲ့ သြစတြေးလျရဲက လူ ၇ ဦးပါအဖွဲ့ကို ထပ်မံ အရေးယူတာ ဖြစ်ပါတယ်။ သူတို့ကို အစပိုင်းမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ယောကျာ်းလေး ၃ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ဖမ်းခဲ့သူတွေကို လူသိများပါတယ်။
အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၂ ဦးပါ ၇ ဦးအဖွဲ့ကို ဆစ်ဒနီမြို့ အနောက်ပိုင်းနဲ့ ကာတွမ်ဘာတို့မှာ ဖမ်းမိခဲ့တာ ဖြစ်ပြီး အာမခံ မပေးဘဲ ချုပ်ထားပါတယ်။ သူတို့ထဲက အသက် ၁၈ နှစ်အရွယ် တစ်ဦးကိုတော့ ပြန်ပေးဆွဲမှု၊ အသက် ၁၀ နှစ်အောက် ကလေးနဲ့ လိင်ဆက်ဆံမှုတို့အပါအဝင် အမှု ၄၂ မှုနဲ့ အမှုဖွင့်ထားပါတယ်။ အသက် ၅၂ နှစ်အရွယ် တစ်ဦးကိုတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၃ မှုနဲ့ အမှုဖွင့်ထားပါတယ်။ အသက် ၁၇ နှစ်ကနေ ၂၉ အတွင်းရှိတဲ့ အမျိုးသမီး ၄ ဦးကိုတော့ ပြန်ပေးဆွဲမှု၊ စော်ကားမှု၊ သက်ငယ် ညစ်ညမ်းကား ရိုက်မှုတွေနဲ့ အမှုဖွင့်ထားပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)