ေတာင္ဆူဒန္မွာ ကေလးစစ္သားေတြကို လႊတ္ေပး

0
982

ေတာင္ဆူဒန္မွာ ကေလးစစ္သားေတြကို လက္နက္ကိုင္ အဖြဲ႔ေတြကေန ထြက္ခြင့္ျပဳၿပီး မိသားစုေတြနဲ႔ ျပန္စုစည္းခြင့္၊ ပညာသင္ခြင့္ေတြ ေပးေနေပမယ့္ ကေလးစစ္သားေတြ ဆက္လက္ စုေဆာင္းခံေနရဆဲ ျဖစ္တယ္လို႔ ေစာင့္ၾကည့္ေလ့လာသူေတြက သတိေပးေနပါတယ္။

ေတာင္ဆူဒန္မွာ ပဋိပကၡေတြေၾကာင့္ ကေလးေပါင္းမ်ားစြားဟာ ေနရာေရႊ႕ေျပာင္းရတာ၊ ငတ္မြတ္တာ၊ ပညာသင္ခြင့္ မရတာေတြ ႀကံဳခဲ့ရပါတယ္။ အမ်ားစုဟာ လက္နက္ကိုင္ တပ္ဖြဲ႔ေတြထဲ အသြင္းခံရၿပီး ကမာၻေပၚမွာ ကေလးစစ္သား ျပႆနာ ကမာၻေပၚမွာ ေနာက္ဆံုးျဖစ္ေနတဲ့ ႏိုင္ငံ ျဖစ္ေနပါတယ္။

ေတာင္ဆူဒန္ရွိ လက္နက္ကိုင္တပ္ဖြဲ႔ေတြထဲမွာ ကေလးစစ္သား ၁ ေသာင္း ၉ ေထာင္ရွိတယ္လို႔ ခန္႔မွန္းထားပါတယ္။ လက္နက္ကိုင္ အုပ္စုေတြက မိန္းကေလး ၈၇ ဦးအပါအဝင္ ကေလး ၃၀၀ ကို ေဖေဖာ္ဝါရီ ၇ ရက္ေန႔မွာ ျပန္လႊတ္ေပးလိုက္ပါတယ္။ လာမယ့္ သီတင္းပတ္အတြင္း ေနာက္ထပ္ ၄၀၀ လႊတ္ေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ဆူဒန်မှာ ကလေးစစ်သားတွေကို လွှတ်ပေး

တောင်ဆူဒန်မှာ ကလေးစစ်သားတွေကို လက်နက်ကိုင် အဖွဲ့တွေကနေ ထွက်ခွင့်ပြုပြီး မိသားစုတွေနဲ့ ပြန်စုစည်းခွင့်၊ ပညာသင်ခွင့်တွေ ပေးနေပေမယ့် ကလေးစစ်သားတွေ ဆက်လက် စုဆောင်းခံနေရဆဲ ဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက သတိပေးနေပါတယ်။

တောင်ဆူဒန်မှာ ပဋိပက္ခတွေကြောင့် ကလေးပေါင်းများစွားဟာ နေရာရွှေ့ပြောင်းရတာ၊ ငတ်မွတ်တာ၊ ပညာသင်ခွင့် မရတာတွေ ကြုံခဲ့ရပါတယ်။ အများစုဟာ လက်နက်ကိုင် တပ်ဖွဲ့တွေထဲ အသွင်းခံရပြီး ကမ္ဘာပေါ်မှာ ကလေးစစ်သား ပြဿနာ ကမ္ဘာပေါ်မှာ နောက်ဆုံးဖြစ်နေတဲ့ နိုင်ငံ ဖြစ်နေပါတယ်။

တောင်ဆူဒန်ရှိ လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ ကလေးစစ်သား ၁ သောင်း ၉ ထောင်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ လက်နက်ကိုင် အုပ်စုတွေက မိန်းကလေး ၈၇ ဦးအပါအဝင် ကလေး ၃၀ဝ ကို ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ လာမယ့် သီတင်းပတ်အတွင်း နောက်ထပ် ၄၀ဝ လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)