
0
971




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယက ကြက်နဲ့ ကြက်ဥ တင်သွင်းမှု ဆော်ဒီ ယာယီ ပိတ်ပင်

အိန္ဒိယနိုင်ငံက တင်သွင်းတဲ့ ကြက်၊ ကြက်ဥနဲ့ ကြက်သားမှာ ကြက်ငှပ်တုပ်ကွေး လက္ခဏာ တွေ့တဲ့အတွက် တင်သွင်းမှုတွေကို ဆော်ဒီအာရေဗျက ယာယီ ပိတ်ပင်လိုက်ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနက ပြောပါတယ်။

ကာနတာကာ ပြည်နယ် တောင်ပိုင်း၊ ဘင်ဂါလူရူအနီးမှာ ပြင်းထန်တဲ့ ကြက်ငှက်တုပ်ကွေး ဖြစ်နေတယ်လို့ အိန္ဒိယ စိုက်ပျိုးရေး ဝန်ကြီးဌာနက သတင်းပို့ကြောင်း တိရစ္ဆာန် ကျန်းမာရေး ကမ္ဘာ့အဖွဲ့ (OIE) က ဇန်နဝါရီလအတွင်းမှာ ပြောပါတယ်။

ပါရီ အခြေစိုက် OIE ရဲ့ သတိပေးချက် ထုတ်ပြန်မှုကြောင့် ကြက်နဲ့ ကြက်ဥ တင်သွင်းမှုကို ယာယီ ပိတ်လိုက်တာ ဖြစ်တယ်လို့ ဆော်ဒီက ကြေညာထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)