၂၀၂၀ အမီ ရွှေ့ပြောင်းအလုပ်သမား ၁ သန်းကျော်ကို ထိုင်းအစိုးရ စာရွက်စာတမ်း လုပ်ပေးသွားမယ်

0
270

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၁.၃ သန်းကျော်ကို ၂၀၂၀ ပြည့်နှစ် နောက်ဆုံးထားပြီး ဘယ်နိုင်ငံကလာသလဲဆိုတာ စစ်ဆေး တည်ပြုနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောင်ချိတန်ထရာဝါနစ်က ကတိပြုပြောကြားလိုက်ပါတယ်။

ထိုင်းအစိုးရဟာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို စာရွက်စာတမ်းတွေ လုပ်ပေးနေတာဖြစ်ပြီး ၁.၃ သန်းကျော်ဟာ စိစစ်အတည်ပြုဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ တရားမဝင် လာရောက်တဲ့ ရွှေ့ပြောင်းအလုပ်သမား အရေအတွက်ကို လာမယ့် ၂၀၂၀ မှာ တစ်သန်းကနေ တစ်ယောက်မှ မကျန်တဲ့အထိ လျှော့ချဖို့ စီစဉ်နေတာပါ။

လက်ရှိအချိန်မှာ ထိုင်းနိုင်ငံတစ်ဝန်းမှာ ရွှေ့ပြောင်းအလုပ်သမားအရေအတွက် ခန့်မှန်းခြေ ၂.၆ သန်းလောက် ရှိနေပြီး အဲဒီထဲက ၁.၂ သန်းကျော်ကသာ ပုံမှန်အလုပ်လုပ်နေတဲ့ တရားဝင်အလုပ်သမားတွေ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)