တရုတ်နိုင်ငံကို ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေရဲ့ လက်ဗွေရာကို ထိန်းသိမ်း ထားမယ်

0
292

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ရောက်ရှိလာတဲ့ နိုင်ငံခြားသားအားလုံးရဲ့ လက်ဗွေရာတွေကို နယ်စပ်လုံခြုံရေးအတွက် သိမ်းဆည်းထားမှာဖြစ်တယ်လို့ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ကို တရုတ်နိုင်ငံတောင်ပိုင်းက ရှန်ဇန်းလေဆိပ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပထမဆုံးအနေနဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံရဲ့ နေရာတိုင်းမှာ အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့လည်း တရုတ်ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို လက်ဗွေရာအပြင် မွေးရာပါ အမှတ်အသားတွေနဲ့ အခြားအချက်အလက်တွေကိုလည်း သိမ်းဆည်းသွားမှာလားဆိုတာကိုတော့ ထုတ် ဖော်ပြောဆို ထားခြင်း မရှိပါဘူး။ အဲဒီလက်ဗွေရာတွေကို သိမ်းဆည်းသွားမယ့် လုံခြုံရေးအစီအစဉ် မှာ အသက် ၁၄ နှစ်ကနေ ၇၀ နှစ်အတွင်းမှာ ရှိတဲ့ နိုင်ငံခြားသား အားလုံး အကျုံးဝင်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)