ထောင်ထဲမှာလူပေါင်း ၁၃၀၀၀ ကို ကြိုးပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဆီးရီးယား ပယ်ချ

0
241

ဆီးရီးယားနိုင်ငံက ဆေ့ဒ်နာယာ ထောင်ထဲမှာ အကျဉ်းသားပေါင်း ၁၃၀၀၀ ကြိုးပေး ကွပ်မျက်ခံခဲ့ရတယ်ဆိုတဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အစီရင်ခံစာကို ဆီးရီးယား တရားစီရင်ရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ပါတယ်။

ဒီစွပ်စွဲချက်တွေဟာ လုံးဝ မှန်ကန်မှုမရှိဘူးလို့လည်း တရားရေးဝန်ကြီးဌာနက ဆိုပါတယ်။

အစီရင်ခံစာဟာ အဲဒီအကျဉ်းထောင်ထဲက အကျဉ်းသားဟောင်း(၃၁)ယောက်နဲ့ ထောင်ဝန်ထမ်းဟောင်း(၅၀)ကျော်ကို တွေ့ဆုံမေးမြန်းပြီးထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားခဲ့တာပါ။

ဆေ့ဒ်နာယာ လို့ခေါ်တဲ့ အဲဒီ အကျဉ်းထောင်ဟာ ၂၀၁၁ ခုနှစ်ကစပြီး ဆီးရီးယားနိုင်ငံရဲ့ အဓိက အကျဉ်းထောင်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဆီးရီးယားအစိုးရဟာ အဲဒီအကျဉ်းထောင်မှာ
ဖြစ်ပျက်ခဲ့တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ဖော်ပြောတာက မရှိသလောက် ရှားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာလည်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေမှာပါရှိတဲ့ သတ်ဖြတ်မှုတွေကိုလည်း ဆီးရီးယားအစိုးရက မဟုတ်မှန်ဝါဒဖြန့်ချိမှုသာဖြစ်တယ်လို့ ငြင်းဆိုပြောကြားခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)