
0
408




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်အာဖရိကမှာ ရထားနှစ်စင်းတိုက်၊ လူ ၂၀ဝ ဒဏ်ရာရ

တောင်အာဖရိက မြို့တော် ဂျိုဟန်နက်စဘတ်၊ ဂျာမင်စတန်မှာ ဒီနေ့ ဇန်နဝါရီ ၉ ရက်က လူစီးရထားနှစ်စီး တိုက်မိလို့ လူ ၂၀ဝ ဒဏ်ရာရသွားပါတယ်။

အဖြစ်အပျက် အသေးစိတ်ကို မသိရသေးဘဲ ဒေသခံ အာဏာပိုင်တွေ အခင်းဖြစ်ပွားနေရာကို ရောက်ရှိနေပြီး စတင် စစ်ဆေးနေပါတယ်။ သေဆုံးသူ ရှိ၊ မရှိကိုလည်း မသိရသေးပါဘူး။

မကြာသေးခင်ကပဲ တောင်အာဖရိကမှာ လူစီးရထားနဲ့ ထရပ်ကား တိုက်မိလို့ လူတစ်ဒါဇင်ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)