တိုက္မိတဲ့ အီရန္ ေရနံတင္သေဘၤာ သံုးရက္ေျမာက္ မီးဆက္လက္ ေလာင္ကြ်မ္း

0
343

အေရွ႕တ႐ုတ္ပင္လယ္မွာ တ႐ုတ္ကုန္တင္ သေဘၤာတစ္စီးနဲ႔ တိုက္မိတဲ့ အီရန္ ေရနံတင္သေဘၤာဟာ သံုးရက္ေျမာက္အျဖစ္ မီးဆက္လက္ ေလာင္ကြ်မ္းေနပါတယ္။

ပနားမား မွတ္ပံုတင္ ေရနံတင္သေဘၤာ ဆန္ခ်ီက အီရန္ကေန ေတာင္ကိုရီးယားကို ခုတ္ေမာင္းလာတာ ျဖစ္ၿပီး ေဟာင္ေကာင္ မွတ္ပံုတင္ ကုန္တင္သေဘၤာ CF ခရစၥတယ္နဲ႔ အေရွ႕တ႐ုတ္ပင္လယ္မွာ ၿပီးခဲ့တဲ့ သံုးရက္က တိုက္မိခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါဇင္နဲ႔ခ်ီတဲ့ ေမာ္ေတာ္ဘုတ္ေတြဟာ မီးကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားေနၾကဆဲ ျဖစ္တယ္လို႔ တ႐ုတ္ အာဏာပိုင္ေတြက ေျပာပါတယ္။

ေလတိုက္ခတ္မႈ ျပင္းထန္တာ၊ လိႈင္းႀကီးတာတို႔ အေျခအေန ထိန္းရခက္ေနၿပီး ေပ်ာက္ဆံုးေနတဲ့ သေဘၤာသား အီရန္ သေဘၤာသား ၃၀ နဲ႔ ဘဂၤလားေဒ့ရွ္ သေဘာၤသား ၂ ဦး၊ စုစုေပါင္း ၃၂ ဦးအနက္ တစ္ဦးရဲ႕ အေလာင္းကို မေန႔က ဇန္နဝါရီ ၈ ရက္ေန႔မွာ ေတြ႔ရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုက်မိတဲ့ အီရန် ရေနံတင်သင်္ဘော သုံးရက်မြောက် မီးဆက်လက် လောင်ကျွမ်း

အရှေ့တရုတ်ပင်လယ်မှာ တရုတ်ကုန်တင် သင်္ဘောတစ်စီးနဲ့ တိုက်မိတဲ့ အီရန် ရေနံတင်သင်္ဘောဟာ သုံးရက်မြောက်အဖြစ် မီးဆက်လက် လောင်ကျွမ်းနေပါတယ်။

ပနားမား မှတ်ပုံတင် ရေနံတင်သင်္ဘော ဆန်ချီက အီရန်ကနေ တောင်ကိုရီးယားကို ခုတ်မောင်းလာတာ ဖြစ်ပြီး ဟောင်ကောင် မှတ်ပုံတင် ကုန်တင်သင်္ဘော CF ခရစ္စတယ်နဲ့ အရှေ့တရုတ်ပင်လယ်မှာ ပြီးခဲ့တဲ့ သုံးရက်က တိုက်မိခဲ့ကြတာ ဖြစ်ပါတယ်။

ဒါဇင်နဲ့ချီတဲ့ မော်တော်ဘုတ်တွေဟာ မီးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြဆဲ ဖြစ်တယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

လေတိုက်ခတ်မှု ပြင်းထန်တာ၊ လှိုင်းကြီးတာတို့ အခြေအနေ ထိန်းရခက်နေပြီး ပျောက်ဆုံးနေတဲ့ သင်္ဘောသား အီရန် သင်္ဘောသား ၃၀ နဲ့ ဘင်္ဂလားဒေ့ရှ် သင်္ဘောသား ၂ ဦး၊ စုစုပေါင်း ၃၂ ဦးအနက် တစ်ဦးရဲ့ အလောင်းကို မနေ့က ဇန်နဝါရီ ၈ ရက်နေ့မှာ တွေ့ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)