0
302
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
သမ္မတ ထရမ့် စိတ်အခြေအနေ မေးခွန်းထုတ်မှုကို စာရေးဆရာ ဒိုင်ခံ ဖြေနေရ
စာရေးဆရာ မိုက်ကယ် ဝုလ်ဖ် ရေးသားခဲ့တဲ့ စာအုပ်သစ်မှာ မျက်မြင်သက်သေတွေကို ကိုးကားပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ စိတ်အခြေအနေကို ဖော်ပြခဲ့ရာမှာ မေးခွန်းတွေ ထွက်ပေါ်လာလို့ စာရေးဆရာအနေနဲ့ ဒိုင်ခံ ဖြေရှင်းနေရပါတယ်။
မိုက်ကယ် ဝုလ်ဖ်ဟာ “Fire and Fury: Inside the Trump White House” ဆိုတဲ့ စာအုပ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
သမ္မတ သတင်းထုတ်ပြန်ရေးအဖွဲ့က ဆာရာ ဆန်းဒါးစ်က ဒီစာအုပ်ဟာ စိတ်ကူးယဉ်မှု သက်သက်ပဲလို့ ရှုတ်ချခဲ့ပါတယ်။ သမ္မတ ထရမ့်ရဲ့ ရှေ့နေကတော့ စာအုပ်တွေကို ပြန်သိမ်းဖို့နဲ့ ထုတ်ဝေမှု ရပ်ဆိုငူ်ဖို့ စာရေးသူနဲ့ စာအုပ်ထုတ်ဝေသူဆီ စာပို့ထားပါတယ်။
စာအုပ်ထဲမှာ ကိုးကားခံရတဲ့ သမ္မတ အကြံပေး ကယ်လီယန်း ကွန်းဝေးဟာလည်း စာအုပ်ထွက်ပြီးနောက် လူ့မြင်ကွင်းက ပျောက်နေပါတယ်။
စာအုပ်ထွက်ရှိပြီး ရက်ပိုင်းအကြာမှာ စာအုပ် အီးဘုတ်ခ် အပြည့်အစုံကို ဝီကီလိခ်က အင်တာနက်ပေါ် တင်ခဲ့လို့ ဂယက်ရိုက်ခဲ့ပြီး ဝီကီလိခ်က ပြန်ဖြုတ်ချသွားပေမယ့် စာအုပ်ဟာ ကမ္ဘာတလွှားကို အခမဲ့ ပြန့်သွားခဲ့ပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)