ျမစ္ေရ ျမင့္တက္မႈေၾကာင့္ ႐ိုငး္ျမစ္တြင္း ခရီးသြားလာမႈ  ပိတ္ထား

0
298

 

ဂ်ာမနီႏိုင္ငံရွိ ႐ိုင္းျမစ္ေရဟာ မေန႔ ဇန္န၀ါရီလ ၈  ရက္ေန႔မွာ ျမင့္တက္လာတာေၾကာင့္ ေရလမ္းေၾကာင္း သြားလာေရး ခရီးေတြကို ရပ္ဆိုင္းထားပါတယ္။

မိုးသည္းထန္စြာ ရြာသြန္းတဲ့အတြက္ ျမစ္ေရ ျမင့္တက္ခဲ့တာ ျဖစ္ပါတယ္။ ဒူးစဘာ့ဂ္ၿမိဳ႕နဲ႔ ကိုးဘလန္႔ဇ္ၿမိဳ႕ၾကား ျမစ္လမ္းေၾကာင္းသြားလာမႈကို ပိတ္ထားတာျဖစ္တယ္လုိ႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ျမင့္တက္လာတဲ့ ေရခ်ိန္ေၾကာင့္ အမ်ားစု အသံုးျပဳၾကတဲ့ သေဘၤာေတြ တံတားေအာက္က ျဖတ္သန္းသြားလာဖို႔ မလြတ္လုိ႔ ပိတ္လုိက္တာ ျဖစ္ပါတယ္။ လာမယ့္ သီတင္းပတ္အထိ ျမစ္ေရျမင့္တက္ႏိုင္တဲ့ အေျခအေနမွာ ရွိေနတယ္လုိ႔ အာဏာပိုင္အဖြဲ႔ေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြစ်ရေ မြင့်တက်မှုကြောင့် ရိုငး်မြစ်တွင်း ခရီးသွားလာမှု ပိတ်ထား

ဂျာမနီနိုင်ငံရှိ ရိုင်းမြစ်ရေဟာ မနေ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ မြင့်တက်လာတာကြောင့် ရေလမ်းကြောင်း သွားလာရေး ခရီးတွေကို ရပ်ဆိုင်းထားပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် မြစ်ရေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ဒူးစဘာ့ဂ်မြို့နဲ့ ကိုးဘလန့်ဇ်မြို့ကြား မြစ်လမ်းကြောင်းသွားလာမှုကို ပိတ်ထားတာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မြင့်တက်လာတဲ့ ရေချိန်ကြောင့် အများစု အသုံးပြုကြတဲ့ သင်္ဘောတွေ တံတားအောက်က ဖြတ်သန်းသွားလာဖို့ မလွတ်လို့ ပိတ်လိုက်တာ ဖြစ်ပါတယ်။ လာမယ့် သီတင်းပတ်အထိ မြစ်ရေမြင့်တက်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ အာဏာပိုင်အဖွဲ့တွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)