အဓၶမျပဳက်င့္သူေတြကို ေဖာ္ထုတ္ေပးႏိုင္မယ့္ ကိရိယာေတြပါ underwear အိႏိၵယမွာ တီထြင္

0
353

မုဒိမ္းမႈေတြ မၾကာခနျဖစ္ပြားေလ့ရွိတဲ့ အိႏိၵယႏိုင္ငံက အမ်ိဳးသမီးေတြအတြက္ မုဒိမ္းမႈက်ဴးလြန္သူေတြကို မွတ္တမ္းတင္ေပးႏိုင္၊ ေလာ့ခ်ထားႏိုင္တဲ့ underwear ကို တီထြင္လိုက္ပါတယ္။

အဲ့ဒီ underwear မွာ ဗီဒီယိုကင္မရာ ပါရွိတဲ့အတြက္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားေႏွာက္ယွက္သူရဲ႕ မ်က္ႏွာကို မွတ္တမ္းယူထားႏိုင္မွာ ျဖစ္ပါတယ္။ အဲ့ဒီအေျခအေနမွာ underwear  မွာပါတဲ့ ခလုတ္ကို ႏွိပ္တဲ့အခါ အေရးေပၚနံပါတ္ကို ေခၚဆိုေပးမွာ ျဖစ္ၿပီး  GPS အခ်က္ေပးတဲ့စနစ္က ရဲတပ္ဖြ႔ဲေတြကို သိေစမွာ ျဖစ္ပါတယ္။

အဲ့ဒီ underwear ကို အိႏိၵယႏိုင္ငံ ဥတၱရာပရာေဒ့ရွ္ျပည္နယ္၊ ဖရြတ္ခါဘက္ၿမိဳ႕ရွိ ဆင္းရဲတဲ့ မိသားစုက ေမြးဖြားလာတဲ့ ဆီႏု ကုမာရီ ဆိုသူ မိန္းကေလးက ဖန္တီးခဲ့တာ ျဖစ္ၿပီး တစ္ထည္ကို ေပါင္ ၅၀ နီးပါး က်သင့္မွာ ျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္ မိန္းကေလးငယ္ေတြၾကား ႀကီးမားတဲ့ ေစ်းကြက္တစ္ခု ျဖစ္လာဖို႔ ေမ်ွာ္လင့္ထားၿပီး အဲ့ဒီ underwear မွာပါရွိတဲ့ ကိရိယာေတြတပ္ထားတဲ့ ႀကိဳးဟာ ဓားနဲ႔ ျဖတ္ရင္ေတာင္ မျပတ္ပါဘူး။

ဥတၱရာပရာေဒ့ရွ္ျပည္နယ္မွာ ကေလးငယ္အမ်ားစု ဟာလိင္ပိုင္းဆုိင္ရာ ေႏွာက္ယွက္မႈ ခံေနၾကရတဲ့အျပင္ အမ်ိဳးသမီးေတြ လမ္းမေတြမွာ တုိက္ခုိက္ခံရတာမ်ိဳးေတြလည္း ျဖစ္ေလ့ရွိပါတယ္။ မုဒိမ္းက်င့္တဲ့ ဗီဒီယို အေခြေတြဟာလည္း ၁၂ ႐ူပီးေလာက္နဲ႔ လမ္းေဘးေတြမွာ ဝယ္လို႔ ရေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဓ္ဓမပြုကျင့်သူတွေကို ဖော်ထုတ်ပေးနိုင်မယ့် ကိရိယာတွေပါ underwear အိန္ဒိယမှာ တီထွင်

မုဒိမ်းမှုတွေ မကြာခနဖြစ်ပွားလေ့ရှိတဲ့ အိန္ဒိယနိုင်ငံက အမျိုးသမီးတွေအတွက် မုဒိမ်းမှုကျူးလွန်သူတွေကို မှတ်တမ်းတင်ပေးနိုင်၊ လော့ချထားနိုင်တဲ့ underwear ကို တီထွင်လိုက်ပါတယ်။

အဲ့ဒီ underwear မှာ ဗီဒီယိုကင်မရာ ပါရှိတဲ့အတွက် လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်သူရဲ့ မျက်နှာကို မှတ်တမ်းယူထားနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီအခြေအနေမှာ underwear မှာပါတဲ့ ခလုတ်ကို နှိပ်တဲ့အခါ အရေးပေါ်နံပါတ်ကို ခေါ်ဆိုပေးမှာ ဖြစ်ပြီး GPS အချက်ပေးတဲ့စနစ်က ရဲတပ်ဖွဲ့တွေကို သိစေမှာ ဖြစ်ပါတယ်။

အဲ့ဒီ underwear ကို အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဖရွတ်ခါဘက်မြို့ရှိ ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာတဲ့ ဆီနု ကုမာရီ ဆိုသူ မိန်းကလေးက ဖန်တီးခဲ့တာ ဖြစ်ပြီး တစ်ထည်ကို ပေါင် ၅၀ နီးပါး ကျသင့်မှာ ဖြစ်ပါတယ်။

ဆယ်ကျော်သက် မိန်းကလေးငယ်တွေကြား ကြီးမားတဲ့ ဈေးကွက်တစ်ခု ဖြစ်လာဖို့ မျှော်လင့်ထားပြီး အဲ့ဒီ underwear မှာပါရှိတဲ့ ကိရိယာတွေတပ်ထားတဲ့ ကြိုးဟာ ဓားနဲ့ ဖြတ်ရင်တောင် မပြတ်ပါဘူး။

ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မှာ ကလေးငယ်အများစု ဟာလိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု ခံနေကြရတဲ့အပြင် အမျိုးသမီးတွေ လမ်းမတွေမှာ တိုက်ခိုက်ခံရတာမျိုးတွေလည်း ဖြစ်လေ့ရှိပါတယ်။ မုဒိမ်းကျင့်တဲ့ ဗီဒီယို အခွေတွေဟာလည်း ၁၂ ရူပီးလောက်နဲ့ လမ်းဘေးတွေမှာ ဝယ်လို့ ရနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)