၇ ပတ္သား ေခြးငယ္ကို ကားထဲ ထည့္ပိတ္ထားတဲ့ ၾသစေၾတးလ် အမ်ိဳးသမီး အေရးယူခံရ

0
272

ၾသစေၾတးလ်မွာ အမ်ိဳးသမီးတစ္ဦးဟာ ၇ ပတ္သားအရြယ္ ေခြးငယ္ကို အပူခ်ိန္ အလြန္ျမင့္ေနတဲ့ ကားထဲမွာ ထည့္ပိတ္ခဲ့တဲ့အတြက္ တိရစာၦန္ ညွဥ္းပမ္းႏွိပ္စက္မႈနဲ႔ အေရးယူ ခံလိုက္ရပါတယ္။

ၾသစေၾတးလ်ႏိုင္ငံမွာ အပူခ်ိန္ ျမင့္တက္ေနတဲ့ ကာလျဖစ္ၿပီး ဆစ္ဒနီ အေနာက္ေတာင္ပိုင္း အိုရန္ ပန္းၿခံမွာ ဇန္နဝါရီလ ၆ ရက္ေန႔က  ရပ္ထားတဲ့ ကားထဲကေန ေခြးငယ္ကို ရဲေတြက ကားမွန္႐ိုက္ခြဲၿပီး ကယ္တင္လိုက္ရပါတယ္။

အျပင္ဘက္မွာ အပူခ်ိန္ဟာ ၄၀ ဒီဂရီ စင္တီဂရိတ္ရွိၿပီး ပိတ္ထားတဲ့ ကားထဲမွာ အပူခ်ိန္က ၆၅ ဒီဂရီ စင္တီဂရိတ္အထိ ရွိေနပါတယ္။ ေခြးပိုင္ရွင္ဟာ အသက္ ၂၈ ႏွစ္အရြယ္ အမ်ိဳးသမီးျဖစ္ၿပီး ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔မွာ တရား႐ံုးက အမိန္႔ခ်မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၇ ပတ်သား ခွေးငယ်ကို ကားထဲ ထည့်ပိတ်ထားတဲ့ သြစတြေးလျ အမျိုးသမီး အရေးယူခံရ

သြစတြေးလျမှာ အမျိုးသမီးတစ်ဦးဟာ ၇ ပတ်သားအရွယ် ခွေးငယ်ကို အပူချိန် အလွန်မြင့်နေတဲ့ ကားထဲမှာ ထည့်ပိတ်ခဲ့တဲ့အတွက် တိရစ္ဆာန် ညှဉ်းပမ်းနှိပ်စက်မှုနဲ့ အရေးယူ ခံလိုက်ရပါတယ်။

သြစတြေးလျနိုင်ငံမှာ အပူချိန် မြင့်တက်နေတဲ့ ကာလဖြစ်ပြီး ဆစ်ဒနီ အနောက်တောင်ပိုင်း အိုရန် ပန်းခြံမှာ ဇန်နဝါရီလ ၆ ရက်နေ့က ရပ်ထားတဲ့ ကားထဲကနေ ခွေးငယ်ကို ရဲတွေက ကားမှန်ရိုက်ခွဲပြီး ကယ်တင်လိုက်ရပါတယ်။

အပြင်ဘက်မှာ အပူချိန်ဟာ ၄၀ ဒီဂရီ စင်တီဂရိတ်ရှိပြီး ပိတ်ထားတဲ့ ကားထဲမှာ အပူချိန်က ၆၅ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပါတယ်။ ခွေးပိုင်ရှင်ဟာ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ တရားရုံးက အမိန့်ချမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)