ဇင္ဘာေဘြ သမၼတ ကေတာ္ေဟာင္းရဲ႕ Ph.D ဘြဲ႔ကို စံုစမ္းစစ္ေဆးေန

0
327

ဇင္ဘာေဘြ သမၼတေဟာင္း ေရာဘတ္ မူဂါဘီရဲ႕ ဇနီး ဂေရ႕စ္ မူဂါဘီဟာ လပိုင္းေလာက္နဲ႔ ပါရဂူ (Ph.D) ဘြဲ႔ ရခဲ့တဲ့အတြက္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးအဖြဲ႔က စံုစမ္းစစ္ေဆးေနပါတယ္။

ဇင္ဘာေဘြ တကၠသိုလ္က ဂေရ႕စ္ကို ၂၀၁၄ ခုႏွစ္မွာ Ph.D ဘြဲ႔ ေပးခဲ့တာျဖစ္ၿပီး ဘြဲ႔ယူက်မ္းကေတာ့ ထုတ္ေဝျခင္း မရွိပါဘူး။ သမၼတေဟာင္း ေရာဘတ္ မူဂါဘီဟာ ႏိုင္ငံကို ႏွစ္ ၄၀ နီးပါး အုပ္ခ်ဳပ္ခဲ့ၿပီး သူ႔ဇနီး ဂေရ႕စ္ကို အာဏာလႊဲေပးဖို႔ ႀကံစည္စဥ္မွာ ျဖဳတ္ခ်ခံရတာ ျဖစ္ပါတယ္။

ဂေရ႕စ္ဟာ ေက်ာင္းလည္း တကယ္ မတက္၊ သုေတသနလည္း တကယ္ မလုပ္ခဲ့ဘဲ ေက်ာင္းအပ္ၿပီး လပိုင္းအတြင္း Ph.D ဘြဲ႔ရခဲ့လို႔ ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။ Ph.D ဘြဲ႔ရဖို႔ ေလးႏွစ္နဲ႔ အထက္ သုေတသနနဲ႔ က်မ္းေရးတာေတြ ျပဳလုပ္ရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဇင်ဘာဘွေ သမ္မတ ကတော်ဟောင်းရဲ့ Ph.D ဘွဲ့ကို စုံစမ်းစစ်ဆေးနေ

ဇင်ဘာဘွေ သမ္မတဟောင်း ရောဘတ် မူဂါဘီရဲ့ ဇနီး ဂရေ့စ် မူဂါဘီဟာ လပိုင်းလောက်နဲ့ ပါရဂူ (Ph.D) ဘွဲ့ ရခဲ့တဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

ဇင်ဘာဘွေ တက္ကသိုလ်က ဂရေ့စ်ကို ၂၀၁၄ ခုနှစ်မှာ Ph.D ဘွဲ့ ပေးခဲ့တာဖြစ်ပြီး ဘွဲ့ယူကျမ်းကတော့ ထုတ်ဝေခြင်း မရှိပါဘူး။ သမ္မတဟောင်း ရောဘတ် မူဂါဘီဟာ နိုင်ငံကို နှစ် ၄၀ နီးပါး အုပ်ချုပ်ခဲ့ပြီး သူ့ဇနီး ဂရေ့စ်ကို အာဏာလွှဲပေးဖို့ ကြံစည်စဉ်မှာ ဖြုတ်ချခံရတာ ဖြစ်ပါတယ်။

ဂရေ့စ်ဟာ ကျောင်းလည်း တကယ် မတက်၊ သုတေသနလည်း တကယ် မလုပ်ခဲ့ဘဲ ကျောင်းအပ်ပြီး လပိုင်းအတွင်း Ph.D ဘွဲ့ရခဲ့လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ Ph.D ဘွဲ့ရဖို့ လေးနှစ်နဲ့ အထက် သုတေသနနဲ့ ကျမ်းရေးတာတွေ ပြုလုပ်ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)