ယင္းလတ္ လန္ဒန္မွာ ရွိတယ္လို႔ ထိုင္းႏိုင္ငံျခားေရး ဝန္ႀကီး ေျပာ

0
304

ထြက္ေျပးသြားတဲ့ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ယင္းလတ္ ရွင္နာဝပ္ဟာ ၿဗိတိန္ႏို္င္ငံ၊ လန္ဒန္ၿမိဳ႕မွာ ေရာက္ေနတယ္လို႔ ထိုင္းႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာပါတယ္။

လူမႈကြန္ရက္မွာ ယင္းလတ္ရဲ႕ ဓာတ္ပံုႏွစ္ပံု ေပၚထြက္လာၿပီးေနာက္ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ဒီေန႔ ဇန္နဝါရီ ၉ ရက္ေန႔မွာ ေျပာလိုက္တာ ျဖစ္ပါတယ္။

ဓာတ္ပံု တစ္ပံုမွာ ယင္းလတ္က ကုတ္အက်ႌ အနီဝတ္ထားတဲ့ အမ်ိဳးသမီး အေဖာ္တစ္ေယာက္နဲ႔ ရွိေနၿပီး လန္ဒန္ရွိ ဟာေရာ့ဒ္ စတိုးဆိုင္မွာလို႔ စာေရးထားပါတယ္။ ေနာက္တစ္ပံုကေတာ့ လန္ဒန္ရွိ ဝက္စ္ဖီးလ္ဒ္ ေစ်းဝယ္စင္တာမွာ ျဖစ္ပါတယ္။

ထိုင္းရဲကေတာ့ ယင္းလတ္နဲ႔ အတူရွိေနတဲ့ ကုတ္အက်ႌ အနီဝတ္ အမ်ိဳးသမီး ဘယ္သူဆိုတာကို စံုစမ္းေနၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ယင်းလတ် လန်ဒန်မှာ ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပြော

ထွက်ပြေးသွားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလတ် ရှင်နာဝပ်ဟာ ဗြိတိန်နိ်ုင်ငံ၊ လန်ဒန်မြို့မှာ ရောက်နေတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

လူမှုကွန်ရက်မှာ ယင်းလတ်ရဲ့ ဓာတ်ပုံနှစ်ပုံ ပေါ်ထွက်လာပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇန်နဝါရီ ၉ ရက်နေ့မှာ ပြောလိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ တစ်ပုံမှာ ယင်းလတ်က ကုတ်အင်္ကျီ အနီဝတ်ထားတဲ့ အမျိုးသမီး အဖော်တစ်ယောက်နဲ့ ရှိနေပြီး လန်ဒန်ရှိ ဟာရော့ဒ် စတိုးဆိုင်မှာလို့ စာရေးထားပါတယ်။ နောက်တစ်ပုံကတော့ လန်ဒန်ရှိ ဝက်စ်ဖီးလ်ဒ် ဈေးဝယ်စင်တာမှာ ဖြစ်ပါတယ်။

ထိုင်းရဲကတော့ ယင်းလတ်နဲ့ အတူရှိနေတဲ့ ကုတ်အင်္ကျီ အနီဝတ် အမျိုးသမီး ဘယ်သူဆိုတာကို စုံစမ်းနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)