ၾသစေၾတးလ် တစ္လႊား လိင္တူ လက်ထပ်ပွဲတွေ ကျင်းပ

0
406




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သြစတြေးလျ တစ်လွှား လိင်တူ လက်ထပ်ပွဲတွေ ကျင်းပ

လိင်တူ လက်ထပ်ခွင့်ပြုလိုက်တဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး သြစတြေးလျ တစ်လွှားမှာ လိင်တူ လက်ထပ်ပွဲတွေ ကျင်းပကြပါတယ်။

လိင်တူ လက်ထပ်ခွင့်ရရေး လှုံ့ဆော်မှုတွေ၊ ပါလီမန်မှာ နာရီပေါင်း ရာနဲ့ချီပြီး ငြင်းခုံမှုတွေ လုပ်ပြီးနောက် သြစတြေးလျ ပါလီမန်က လိင်တူ လက်ထပ်ခွင့်ကို ဥပဒေကြောင်းအရ အသိအမှတ်ပြုရေး ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ မဲခွဲဆုံးဖြတ်ပြီးနောက် ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

လိင်တူ လက်ထပ်ခွင့်ကို သြစတြေးလျ ၆၂ ရာခိုင်နှုန်းက သဘောတူကြောင်း မဲပေးခဲ့ကြပါတယ်။ လိင်တူ လက်ထပ်ခွင့်ရရေးအတွက် ဒီဇင်ဘာ ၉ ရက်မှာ ဥပဒေကို ပြင်ဆင်ခဲ့ပြီး ဇန်နဝါရီ ၉ ရက်နေ့မှာ စတင် အသက်ဝင်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)