ကုန္သြယ္ေရးစစ္ပြဲနဲ႔ ပတ္သက္လို႔ အေမရိကန္နဲ႔ ေဆြးေႏြးဖုိ႔ အဆင့္သင့္္ရွိတယ္လို႔ တ႐ုတ္ ဒုတိယ သမၼတ ေျပာ

0
933

တ႐ုတ္ႏုိင္ငံအေနနဲ႔ ကုန္သြယ္ေရးစစ္ပြဲနဲ႔ ပတ္သက္လုိ႔ အေမရိကန္နဲ႔ တ႐ုတ္ႏုိင္ငံၾကား လက္ခံႏိုင္တဲ့ အေျဖတစ္ခုရွာေစမယ့္ ေဆြးေႏြးမႈမ်ိဳးလုပ္ဖုိ႔ အဆင့္သင့္ရွိတယ္လို႔ တ႐ုတ္ ဒုတိယ သမၼတ ဝမ္ကီြရွန္ Wang Qishan က ေျပာပါတယ္။

တ႐ုတ္ ဒုတိယ သမၼတဟာ စင္ကာပူႏုိင္ငံမွာျပဳလုပ္တဲ့ အဆင့္ျမင့္ စီးပြားေရးသမားေတြရဲ႕ ဖိုရမ္မွာ အခုလိုမ်ိဳးေျပာတာပါ။ တ႐ုတ္နဲ႔ အေမရိကန္ႏိုင္ငံၾကား ကုန္သြယ္ေရးနဲ႔ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈဟာ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးနဲ႔ တည္ၿငိမ္မႈျဖစ္ေအာင္ လုပ္ေဆာင္ႏုိင္မယ္လို႔ တ႐ုတ္ ဒုတိယ သမၼတက ေျပာပါတယ္။

အေမရိကန္နဲ႔ တ႐ုတ္တို႔ဟာ ၿပီးခဲ့တဲ့လပိုင္းေတြအတြင္း အျပန္လွန္ အခြန္တုိးေကာက္မႈေတြေၾကာင့္ ကုန္သြယ္ေရးစစ္ပြဲ စတင္ခဲ့ၿပီး ကုန္သြယ္ေရးစစ္ပြဲအေပၚ စိုးရိမ္မႈေတြ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကုန်သွယ်ရေးစစ်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ဆွေးနွေးဖို့ အဆင့်သင့်ရှိတယ်လို့ တရုတ် ဒုတိယ သမ္မတ ပြော

တရုတ်နိုင်ငံအနေနဲ့ ကုန်သွယ်ရေးစစ်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား လက်ခံနိုင်တဲ့ အဖြေတစ်ခုရှာစေမယ့် ဆွေးနွေးမှုမျိုးလုပ်ဖို့ အဆင့်သင့်ရှိတယ်လို့ တရုတ် ဒုတိယ သမ္မတ ဝမ်ကွီရှန် Wang Qishan က ပြောပါတယ်။

တရုတ် ဒုတိယ သမ္မတဟာ စင်ကာပူနိုင်ငံမှာပြုလုပ်တဲ့ အဆင့်မြင့် စီးပွားရေးသမားတွေရဲ့ ဖိုရမ်မှာ အခုလိုမျိုးပြောတာပါ။ တရုတ်နဲ့ အမေရိကန်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ တည်ငြိမ်မှုဖြစ်အောင် လုပ်ဆောင်နိုင်မယ်လို့ တရုတ် ဒုတိယ သမ္မတက ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း အပြန်လှန် အခွန်တိုးကောက်မှုတွေကြောင့် ကုန်သွယ်ရေးစစ်ပွဲ စတင်ခဲ့ပြီး ကုန်သွယ်ရေးစစ်ပွဲအပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)