ဘိုရင္း ၇၃၇ ေလယာဥ္ပ်က္က်တဲ့အေၾကာင္းကို စံုစမ္းေနဆဲျဖစ္ေၾကာင္း အင္ဒိုနီးရွား အာဏာပိုင္ေတြ ဆုိ

0
582

ၿပီးခဲ့တဲ့သီတင္းပတ္က ဂ်ာကာတာအနီးမွာ ဘိုအင္း ၇၃၇ ေလယာဥ္ ပ်က္က်ခဲ့ရတဲ့ အေၾကာင္းရင္းကို အင္ဒိုနီးရွား စုံစမ္းစစ္ေဆးေရး အရာရွိေတြက ဆုံးျဖတ္နိုင္ဖို႔ ႀကိဳးစားေနပါတယ္။

အရာရွိေတြက ေလယာဥ္ ေနာက္ဆုံးပ်ံသန္းခဲ့တဲ့ ခရီးစဥ္ ၄ ခုမွာ ေလယာဥ္ပ်ံသန္းမႈႏႈန္းျပတဲ့ ကိရိယာ ျပႆနာရွိေနခဲ့တယ္လို႔ ဆိုပါတယ္။ ကိရိယာဟာ ေလယာဥ္မွဴးကို ေမာင္းေနတဲ့ ေလယာဥ္ ဘယ္ေလာက္အထိ ျမန္ေနသလဲဆိုတာကို ျပသပါတယ္။ သယ္ယူပို႔ေဆာင္မႈ ေဘးကင္းလုံၿခဳံေရးဆိုင္ရာ နိုင္ငံ့ေကာ္မတီအဖြဲ႕ဝင္ ေတြဟာ ေလယာဥ္ရဲ႕ ပ်ံသန္းမႈမွတ္တမ္း အခ်က္အလက္ေတြကို ေလ့လာေနခဲ့ၿပီး ျပႆနာရွိတယ္ဆိုတာကို ျပသေနတယ္လို႔ ဆိုပါတယ္။

စုံစမ္းစစ္ေဆးေရးအရာရွိေတြဟာ ေလယာဥ္ေမာင္းတဲ့အခန္းထဲက အသံမွတ္တမ္းကိရိယာကို ရွာေဖြေနဆဲ ျဖစ္ပါတယ္။ အဲဒီကိရိယာက ပ်က္က်ရတဲ့အေၾကာင္းရင္းဟာ ဘာလဲဆိုတာကို ရွင္းရွင္းလင္းလင္း သိရေအာင္ စံုစမ္းေနဆဲျဖစ္တယ္လုိ႔ အင္ဒုိနီးရွားအာဏာပုိင္ေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘိုရင်း ၇၃၇ လေယာဉ်ပျက်ကျတဲ့အကြောင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေ ဆို

ပြီးခဲ့တဲ့သီတင်းပတ်က ဂျာကာတာအနီးမှာ ဘိုအင်း ၇၃၇ လေယာဉ် ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကို အင်ဒိုနီးရှား စုံစမ်းစစ်ဆေးရေး အရာရှိတွေက ဆုံးဖြတ်နိုင်ဖို့ ကြိုးစားနေပါတယ်။

အရာရှိတွေက လေယာဉ် နောက်ဆုံးပျံသန်းခဲ့တဲ့ ခရီးစဉ် ၄ ခုမှာ လေယာဉ်ပျံသန်းမှုနှုန်းပြတဲ့ ကိရိယာ ပြဿနာရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ကိရိယာဟာ လေယာဉ်မှူးကို မောင်းနေတဲ့ လေယာဉ် ဘယ်လောက်အထိ မြန်နေသလဲဆိုတာကို ပြသပါတယ်။ သယ်ယူပို့ဆောင်မှု ဘေးကင်းလုံခြုံရေးဆိုင်ရာ နိုင်ငံ့ကော်မတီအဖွဲ့ဝင် တွေဟာ လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်း အချက်အလက်တွေကို လေ့လာနေခဲ့ပြီး ပြဿနာရှိတယ်ဆိုတာကို ပြသနေတယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးရေးအရာရှိတွေဟာ လေယာဉ်မောင်းတဲ့အခန်းထဲက အသံမှတ်တမ်းကိရိယာကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ အဲဒီကိရိယာက ပျက်ကျရတဲ့အကြောင်းရင်းဟာ ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရအောင် စုံစမ်းနေဆဲဖြစ်တယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)