ျပင္သစ္ႏုိင္ငံရဲ႕ ၿပိဳက်တဲ့အေဆာက္ဦးကေန ႐ုပ္အေလာင္းေတြ ျပန္ေတြ႕

0
712

ျပင္သစ္ ကယ္ဆယ္ေရးသမားေတြဟာ အေဆာက္ဦးၿပိဳက်မႈေအာက္ အပ်က္စီးမ်ားၾကား ပိတ္မိေနသူ ၃ ဦးရဲ႕ ႐ုပ္အေလာင္းကို ႏုိ၀င္ဘာ ၆ ရက္ေန႔ ညပိုင္းက ျပန္ရွာေတြ႕ခဲ့တယ္လို႔ ေျပာပါတယ္။

ျပင္သစ္ႏုိင္ငံ မာေဆးလ္ၿမိဳ႕မွာ ႏိုဝင္ဘာ ၆ ရက္ေန႔က အေဆာက္ဦးၿပိဳက်ခဲ့ၿပီး လူဒါဇင္ခ်ီအပ်က္စီးမ်ားေအာက္ ပိတ္မိေနတယ္လို႔ ျပင္သစ္အာဏာပိုင္ေတြက ေျပာပါတယ္။

ျပင္သစ္ ကယ္ဆယ္ေရးအဖြဲ႔ေတြဟာ ရွာေဖြကယ္ဆယ္မႈေတြ ဆက္လက္လုပ္ေဆာင္ေနၿပီး ေနာက္ထပ္ ၈ ဦး အပ်က္စီးေတြေအာက္ ပိတ္မိေနဆဲျဖစ္တယ္လို႔ မာေဆးလ္ၿမိဳ႕ အစိုးရေရွ႕ေနက ေျပာပါတယ္။ ျပင္သစ္ အာဏာပိုင္ေတြက အေဆာက္ဦးပ်က္စီးမႈေတြကို စံုစမ္းေနဆဲျဖစ္ပါတယ္။ ေဒသခံေတြက အေဆာက္ဦးက ေဟာင္းႏြမ္းေနတာေၾကာင့္ ၿပိဳက်သြားခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြင်သစ်နိုင်ငံရဲ့ ပြိုကျတဲ့အဆောက်ဦးကနေ ရုပ်အလောင်းတွေ ပြန်တွေ့

ပြင်သစ် ကယ်ဆယ်ရေးသမားတွေဟာ အဆောက်ဦးပြိုကျမှုအောက် အပျက်စီးများကြား ပိတ်မိနေသူ ၃ ဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်းက ပြန်ရှာတွေ့ခဲ့တယ်လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံ မာဆေးလ်မြို့မှာ နိုဝင်ဘာ ၆ ရက်နေ့က အဆောက်ဦးပြိုကျခဲ့ပြီး လူဒါဇင်ချီအပျက်စီးများအောက် ပိတ်မိနေတယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။

ပြင်သစ် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရှာဖွေကယ်ဆယ်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး နောက်ထပ် ၈ ဦး အပျက်စီးတွေအောက် ပိတ်မိနေဆဲဖြစ်တယ်လို့ မာဆေးလ်မြို့ အစိုးရရှေ့နေက ပြောပါတယ်။ ပြင်သစ် အာဏာပိုင်တွေက အဆောက်ဦးပျက်စီးမှုတွေကို စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒေသခံတွေက အဆောက်ဦးက ဟောင်းနွမ်းနေတာကြောင့် ပြိုကျသွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)