အီရတ္မွာ IS အဖြဲ႕ လူေထာင္ခ်ီကို ေျမျမႇဳပ္ခဲ့တဲ့ တြင္းေပါင္း ၂၀၀ ေက်ာ္ ရွာေတြ႕

0
859

လူေထာင္ခ်ီ ႐ုပ္အေလာင္းေတြကို ထည့္ထားတဲ့ တြင္းေပါင္း ၂၀၀ ေက်ာ္ကို IS အီရတ္ႏုိင္ငံရွိ အစြန္းေရာက္အဖြဲ႔ ထိန္းခ်ဳပ္ထားတဲ့ ေနရာေတြမွာ ေတြ႕ရွိခဲ့ရတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။

အီရတ္ႏုိင္ငံေျမာက္ပိုင္းနဲ႔ အီရတ္ႏုိင္ငံအေနာက္ပိုင္းတုိ႔မွာ လူေတြျမႇဳပ္ႏွံတဲ့ တြင္းႀကီးေတြကို ေတြ႕ရွိခ့ဲတာပါ။ အဲဒီတြင္းႀကီးေတြမွာ လူေပါင္း ၁၂၀၀၀ ေက်ာ္ကို ေျမျမႇဳပ္ထားခဲ့ဖြယ္ရွိတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။ IS အဖြဲ႔ဟာ ၂၀၁၄ ခုႏွစ္က အီရတ္ႏုိင္ငံရွိ နယ္ေျမေတြကို သိမ္းပိုက္ခဲ့ၿပီး လူေထာင္ခ်ီကို သတ္ျဖတ္တာေတြ ရွိခဲ့ပါတယ္။

အီရတ္ႏုိင္ငံရွိ IS အဖြဲ႔ကို အီရတ္တပ္ဖြဲ႔ေတြအျပင္ ျပည္သူ႔စစ္ေတြက ေျမျပင္ထုိးစစ္ဆင္ခဲ့ၿပီး အေမရိကန္က ေလေၾကာင္း ကူညီတုိက္ခုိက္ေပးခဲ့မႈေၾကာင့္ IS အဖြဲ႔ဟာ အီရတ္ႏုိင္ငံမွ ဆုတ္ခြာခဲ့ရပါတယ္။ ေျမႀကီးတြင္းေတြထဲမွာ ျမႇဳပ္ႏွံခဲ့ရတဲ့သူေတြဟာ ဘယ္သူဘယ္ဝါျဖစ္တယ္ဆုိတဲ့အခ်က္ကို လက္ရွိအခ်ိန္မွာအတိက် မသိေသးဘူးလုိ႔ အီရတ္ တာဝန္ရွိသူေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရတ်မှာ IS အဖွဲ့ လူထောင်ချီကို မြေမြှုပ်ခဲ့တဲ့ တွင်းပေါင်း ၂၀ဝ ကျော် ရှာတွေ့

လူထောင်ချီ ရုပ်အလောင်းတွေကို ထည့်ထားတဲ့ တွင်းပေါင်း ၂၀ဝ ကျော်ကို IS အီရတ်နိုင်ငံရှိ အစွန်းရောက်အဖွဲ့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ တွေ့ရှိခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အီရတ်နိုင်ငံမြောက်ပိုင်းနဲ့ အီရတ်နိုင်ငံအနောက်ပိုင်းတို့မှာ လူတွေမြှုပ်နှံတဲ့ တွင်းကြီးတွေကို တွေ့ရှိခဲ့တာပါ။ အဲဒီတွင်းကြီးတွေမှာ လူပေါင်း ၁၂၀ဝ၀ ကျော်ကို မြေမြှုပ်ထားခဲ့ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ IS အဖွဲ့ဟာ ၂၀၁၄ ခုနှစ်က အီရတ်နိုင်ငံရှိ နယ်မြေတွေကို သိမ်းပိုက်ခဲ့ပြီး လူထောင်ချီကို သတ်ဖြတ်တာတွေ ရှိခဲ့ပါတယ်။

အီရတ်နိုင်ငံရှိ IS အဖွဲ့ကို အီရတ်တပ်ဖွဲ့တွေအပြင် ပြည်သူ့စစ်တွေက မြေပြင်ထိုးစစ်ဆင်ခဲ့ပြီး အမေရိကန်က လေကြောင်း ကူညီတိုက်ခိုက်ပေးခဲ့မှုကြောင့် IS အဖွဲ့ဟာ အီရတ်နိုင်ငံမှ ဆုတ်ခွာခဲ့ရပါတယ်။ မြေကြီးတွင်းတွေထဲမှာ မြှုပ်နှံခဲ့ရတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့အချက်ကို လက်ရှိအချိန်မှာအတိကျ မသိသေးဘူးလို့ အီရတ် တာဝန်ရှိသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)