ဂ်ီ ၂၀ ထိပ္သီးအစည္းအေဝးမွာ ႐ုရွားသမၼတနဲ႔ ေတြ႕မယ္လို႔ သမၼတ ထရမ့္ ေျပာ

0
727

အာဂ်င္တီးနားနိုင္ငံမွာ အခုလအေႏွာင္းပိုင္းက်င္းပဖို႔ရွိတဲ့ နိုင္ငံ ၂၀ အဖြဲ႕ ထိပ္သီးအစည္းအေဝးမွာ ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္နဲ႔ ေတြ႕ဆုံနိုင္ဖြယ္ရွိတယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က ေျပာလိုက္ပါတယ္။

ထရမ့္နဲ႔ မစၥတာ ပူတင္တို႔ဟာ နိုဝင္ဘာလ ၁၁ ရက္ေန႔ ပဲရစ္ၿမိဳ႕မွာ က်င္းပမယ့္ ပထမကမၻာစစ္ၿပီးဆုံးျခင္း ႏွစ္ (၁၀၀) ျပည့္ အခမ္းအနား အားလပ္ခ်ိန္မွာ ေတြ႕ဆံုဖို႔ ရွိေနေပမယ့္ ပဲရစ္မွာ ေတြ႕ဆုံဖို႔ မေသခ်ာဘူးဆိုတာ မစၥတာ ထရမ့္ ေျပာခဲ့ပါတယ္။

အဲဒီအစား နိုဝင္ဘာလ ၃၀ ရက္ေန႔မွာ စတင္မယ့္ G20 မွာ မစၥတာ ပူတင္ ေတြ႕ဆုံမယ္လို႔ ပူတင္က ေျပာပါတယ္။ ေခါင္းေဆာင္ႏွစ္ဦးတို႔ဟာ ဇူလိုင္လတုန္းက ဖင္လန္နိုင္ငံ ဟယ္လ္စင္ကီၿမိဳ႕မွာ ထိပ္သီးေဆြးေႏြးပြဲ တစ္ရပ္ကို ေနာက္ဆုံးက်င္းပခဲ့ၾကပါတယ္။

သူတို႔ေတြ႕ဆုံခ်ိန္မွာ လက္နက္ထိန္းခ်ဳပ္ေရးဟာ အမ်ားက စိတ္ဝင္စားၾကဖြယ္ရွိတဲ့ အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ ထရမ့္အစိုးရဟာ တာလတ္ပစ္ န်ဴကလီးယားလက္နက္မ်ား သေဘာတူစာခ်ဳပ္ကေန ႏုတ္ထြက္ဖို႔ ဆႏၵရွိေၾကာင္း ၿပီးခဲ့တဲ့လတုန္းက ႐ုရွားကို အသိေပးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျီ ၂၀ ထိပ်သီးအစည်းအဝေးမှာ ရုရှားသမ္မတနဲ့ တွေ့မယ်လို့ သမ္မတ ထရမ့် ပြော

အာဂျင်တီးနားနိုင်ငံမှာ အခုလအနှောင်းပိုင်းကျင်းပဖို့ရှိတဲ့ နိုင်ငံ ၂၀ အဖွဲ့ ထိပ်သီးအစည်းအဝေးမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် နဲ့ တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ပြောလိုက်ပါတယ်။

ထရမ့်နဲ့ မစ္စတာ ပူတင်တို့ဟာ နိုဝင်ဘာလ ၁၁ ရက်နေ့ ပဲရစ်မြို့မှာ ကျင်းပမယ့် ပထမကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် (၁၀ဝ) ပြည့် အခမ်းအနား အားလပ်ချိန်မှာ တွေ့ဆုံဖို့ ရှိနေပေမယ့် ပဲရစ်မှာ တွေ့ဆုံဖို့ မသေချာဘူးဆိုတာ မစ္စတာ ထရမ့် ပြောခဲ့ပါတယ်။

အဲဒီအစား နိုဝင်ဘာလ ၃၀ ရက်နေ့မှာ စတင်မယ့် G20 မှာ မစ္စတာ ပူတင် တွေ့ဆုံမယ်လို့ ပူတင်က ပြောပါတယ်။ ခေါင်းဆောင်နှစ်ဦးတို့ဟာ ဇူလိုင်လတုန်းက ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့မှာ ထိပ်သီးဆွေးနွေးပွဲ တစ်ရပ်ကို နောက်ဆုံးကျင်းပခဲ့ကြပါတယ်။

သူတို့တွေ့ဆုံချိန်မှာ လက်နက်ထိန်းချုပ်ရေးဟာ အများက စိတ်ဝင်စားကြဖွယ်ရှိတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ထရမ့်အစိုးရဟာ တာလတ်ပစ် နျူကလီးယားလက်နက်များ သဘောတူစာချုပ်ကနေ နုတ်ထွက်ဖို့ ဆန္ဒရှိကြောင်း ပြီးခဲ့တဲ့လတုန်းက ရုရှားကို အသိပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)