
0
360




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

IS အကြမ်းဖက် ထိပ်သီးခေါင်းဆောင် နှစ်ဦးကို လက်ဘနွန် စစ်တပ် ဖမ်းဆီး

ဆီးရီးယားနဲ့ နယ်ချင်းစပ်နေတဲ့ အာဆယ်မြို့မှာ IS အစ္စလာမ် အကြမ်းဖက်အဖွဲ့ ထိပ်သီးခေါင်းဆောင် နှစ်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ လက်ဘနွန် စစ်တပ်က ကြေညာပါတယ်။

လက်ဘနွန် နိုင်ငံသား အီဘရာဟင် အာမက် ဇာရိုနဲ့ ဆီးရီးယား နိုင်ငံသား အူဒေး ဟူစိန် ခါတစ်တို့ကို ထောက်လှမ်းရေးဌာနက ဖမ်းဆီးလိုက်တယ်လို့ လက်ဘနွန် စစ်တပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ အကြမ်းဖက်သမား နှစ်ဦးဟာ လက်ဘနွန် စစ်တပ်နဲ့ တိုက်တဲ့တိုက်ပွဲမှာ ပါဝင်ခဲ့ဖူးပြီး ကားနဲ့ ဗုံးဖောက်ခွဲဖို့ ကြံစည်ခဲ့သူတွေလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)