
0
373





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ထရမ့် တရုတ်နိုင်ငံကို ရောက်ရှိ

အမေရိကန် သမ္မတရဲ့ အာရှ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး အရေးကြီး ကိစ္စတွေဖြစ်တဲ့ မြောက်ကိုရီးယားကို ဖိအားပေးရေး ကိစ္စ၊ စီးပွားရေး အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်အကြား စီးပွားရေးနဲ့ ကုန်သွယ်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးဖွယ် ရှိပါတယ်။

သမ္မတ ထရမ့်ရဲ့ သုံးရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ဒေါ်လာ ဘီလီယံများစွာ တန်ဖိုးရှိတဲ့ ကုန်သွယ်ရေးစာချုပ်တွေလည်း လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ရပါတယ်။

သမ္မတ ထရမ့်ဟာ သမ္မတ ရှီကျင့်ဖျင်နဲ့ လက်ဖက်ရည်ဝိုင်းမှာ စတင်တွေ့ဆုံမှာဖြစ်ပြီး အမေ့ခံမြို့တော်လို့ ခေါ်ကြတဲ့ တရုတ် ဧကရာဇ်နန်းတော်ကိုလည်း သွားလည်ဖို့ရှိပါတယ်။ အဲဒီနောက် တိန်းယင်နန်မင် ရင်ပြင်ကိုလည်း သွားရောက်ဖို့ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)