
0
353




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိန်မှာ အိုးမဲ့အိမ်မဲ့တွေ နယူးကက်စတယ် တစ်မြို့စာလောက် ရှိနေ

ဗြိတိန်မှာ အိုးမဲ့အိမ်မဲ့ လမ်းပေါ်မှာ နေထိုင်ရသူ ဦးရေဟာ နယူးကက်စတယ် မြို့မှာရှိတဲ့ လူဦးရေလောက် ရှိတယ်လို့ အစီရင်ခံစာတစ်ခုက ဖော်ပြပါတယ်။

အိုးမဲ့အိမ်မဲ့ လူဦးရေဟာ တစ်နှစ်ပြီးတစ်နှစ် တိုးလာရာမှာ ၁၃၀ဝ၀ ကနေ အခု ၃ သိန်း ၇ ထောင်အထိ ရှိနေတယ်လို့ ရှယ်လ်တာ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

နယူးကက်စတယ်မြို့ရဲ့ လူဦးရေဟာ ၂၀၁၆ ခုနှစ် စာရင်းဇယားတွေအရ ၃ သိန်းနီးပါး ရှိပါတယ်။ အိုးမဲ့အိမ်မဲ့တွေ အရေး ကိုင်တွယ်မှုနဲ့ လူမှုဖူလုံရေး ထောက်ပံ့မှုတွေ ဖြတ်တောက်မှုအတွက် ဗြိတိန် အစိုးရကို ဝေဖန်မှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)