ေဟာလိုးဝင္း ပါတီမွာ အေသခံ ဗံုးခြဲဝတ္စံု ဝတ္ၿပီး ဆင္ႏႊဲသူ အဖမ္းခံရ

0
338

မေလးရွားႏိုင္ငံမွာ က်င္းပတဲ့ ေဟာလိုးဝင္း ပါတီမွာ အေသခံ ဗံုးခြဲဝတ္စံု ဝတ္ဆင္ၿပီး ဆင္ႏႊဲတဲ့ အမ်ိဳးသားကို ဖမ္းဆီးလိုက္ပါတယ္။

ကြာလာလမ္ပူၿမိဳ႕၊ ဒမန္ဆရာ ပါဒါနာၿမိဳ႕နယ္မွာ ေအာက္တိုဘာ ၂၈ ရက္ေန႔က က်င္းပတဲ့ ေဟာလိုးဝင္း ပါတီတစ္ခုမွာ အေသခံဗံုးခြဲဝတ္စံု ပံုစံ ဝတ္ဆင္ၿပီး ပါဝင္ဆင္ႏႊဲခဲ့တဲ့ အမ်ိဳးသားကို မေလးရွား ရဲတပ္ဖြဲ႔က စံုစမ္းရွာေဖြခဲ့ၿပီးေနာက္ ႏိုဝင္ဘာ ၇ ရက္ေန႔မွာ ဖမ္းဆီးလိုက္တာ ျဖစ္ပါတယ္။

ျပစ္တင္ ေဝဖန္မႈေတြ ထြက္ေပၚလာၿပီးတဲ့ေနာက္ သံသယရွိသူရဲ႕ ဓာတ္ပံုကို မေလးရွားရဲတပ္ဖြဲ႔က ထုတ္ျပန္ခဲ့ပါတယ္။ အသက္ ၃၀ ဝန္းက်င္ရွိတဲ့ အဲဒီလူဟာ အေသခံဗံုးခြဲမယ့္ ဝတ္စံုျဖဴကို ဝတ္ၿပီး မုတ္ဆိတ္ အတုတပ္ကာ ေခါင္းေပါင္းေပါင္းၿပီး အစၥလာမ္ စစ္ေသြးၾကြပံုစံ ဝတ္ဆင္ခဲ့တာ ျဖစ္ပါတယ္။ ဗံုးေနရာမွာ ပလတ္စတစ္ဗူးခြံေတြ ထည့္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟောလိုးဝင်း ပါတီမှာ အသေခံ ဗုံးခွဲဝတ်စုံ ဝတ်ပြီး ဆင်နွှဲသူ အဖမ်းခံရ

မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ဟောလိုးဝင်း ပါတီမှာ အသေခံ ဗုံးခွဲဝတ်စုံ ဝတ်ဆင်ပြီး ဆင်နွှဲတဲ့ အမျိုးသားကို ဖမ်းဆီးလိုက်ပါတယ်။

ကွာလာလမ်ပူမြို့၊ ဒမန်ဆရာ ပါဒါနာမြို့နယ်မှာ အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပတဲ့ ဟောလိုးဝင်း ပါတီတစ်ခုမှာ အသေခံဗုံးခွဲဝတ်စုံ ပုံစံ ဝတ်ဆင်ပြီး ပါဝင်ဆင်နွှဲခဲ့တဲ့ အမျိုးသားကို မလေးရှား ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေခဲ့ပြီးနောက် နိုဝင်ဘာ ၇ ရက်နေ့မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ပြစ်တင် ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးတဲ့နောက် သံသယရှိသူရဲ့ ဓာတ်ပုံကို မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၃၀ ဝန်းကျင်ရှိတဲ့ အဲဒီလူဟာ အသေခံဗုံးခွဲမယ့် ဝတ်စုံဖြူကို ဝတ်ပြီး မုတ်ဆိတ် အတုတပ်ကာ ခေါင်းပေါင်းပေါင်းပြီး အစ္စလာမ် စစ်သွေးကြွပုံစံ ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဗုံးနေရာမှာ ပလတ်စတစ်ဗူးခွံတွေ ထည့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)