အိႏၵိယ ဓာတ္အားေပးစက္႐ံု ေပါက္ကြဲမႈ ၃၅ ဦး ေသ၊ ၈၇ ဦး ဒဏ္ရာရ

0
315

အိႏၵိယႏိုင္ငံ ေျမာက္ပိုင္းမွာ ဒီေန႔ ႏိုဝင္ဘာ ၈ ရက္ေန႔က ႏိုင္ငံပိုင္ ဓာတ္အားေပးစက္႐ံု ေပါက္ကြဲလို႔ အနည္းဆံုး အလုပ္သမား ၃၅ ဦး      ေသဆံုးၿပီး ၈၇ ဦး ဒဏ္ရာ ရရွိသြားပါတယ္။

ဥတၱရာ ပရာေဒ့ရွ္ျပည္နယ္ လက္ခေနာင္းၿမိဳ႕အနီး အန္ခ်ာဟာမွာ တည္ရွိတဲ့ အမ်ိဳးသား သာမယ္ ဓာတ္အား ေကာ္ပိုေရးရွင္းစက္႐ံု ေပါက္ကြဲခဲ့တာ ျဖစ္ပါတယ္။ ဓာတ္ေငြ႔ေတြ စိမ့္ထြက္လို႔ ေပါက္ကြဲခဲ့တာ ျဖစ္ၿပီး အနီးဝန္းက်င္မွာ အလုပ္လုပ္ေနသူေတြ ထိခိုက္ခဲ့တာ ျဖစ္တယ္လို႔ စက္႐ံုက သတင္းထုတ္ျပန္ပါတယ္။

ဒီျပင္းထန္တဲ့ ေပါက္ကြဲမႈဟာ လံုၿခံဳေရးဆိုင္ရာ အားနည္းမႈေၾကာင့္ ျဖစ္တယ္လို႔လည္း ေဝဖန္မႈေတြ ရွိပါတယ္။ အဲဒီ ဓာတ္အားေပး စက္႐ံုမွာ အလုပ္သမား ၈၇၀ ဝန္းက်င္ရွိၿပီး အမ်ားစုဟာ တစ္ေန႔ကို ႐ူပီး ၂၀၀ (အေမရိကန္ ေဒၚလာ ၃ ေဒၚလာ) နဲ႔ အလုပ္လုပ္ေနၾကတဲ့     ေရႊ႕ေျပာင္းလုပ္သားေတြ ျဖစ္ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယ ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှု ၃၅ ဦး သေ၊ ၈၇ ဦး ဒဏ်ရာရ

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့က နိုင်ငံပိုင် ဓာတ်အားပေးစက်ရုံ ပေါက်ကွဲလို့ အနည်းဆုံး အလုပ်သမား ၃၅ ဦး သေဆုံးပြီး ၈၇ ဦး ဒဏ်ရာ ရရှိသွားပါတယ်။

ဥတ္တရာ ပရာဒေ့ရှ်ပြည်နယ် လက်ခနောင်းမြို့အနီး အန်ချာဟာမှာ တည်ရှိတဲ့ အမျိုးသား သာမယ် ဓာတ်အား ကော်ပိုရေးရှင်းစက်ရုံ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ငွေ့တွေ စိမ့်ထွက်လို့ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး အနီးဝန်းကျင်မှာ အလုပ်လုပ်နေသူတွေ ထိခိုက်ခဲ့တာ ဖြစ်တယ်လို့ စက်ရုံက သတင်းထုတ်ပြန်ပါတယ်။

ဒီပြင်းထန်တဲ့ ပေါက်ကွဲမှုဟာ လုံခြုံရေးဆိုင်ရာ အားနည်းမှုကြောင့် ဖြစ်တယ်လို့လည်း ဝေဖန်မှုတွေ ရှိပါတယ်။ အဲဒီ ဓာတ်အားပေး စက်ရုံမှာ အလုပ်သမား ၈၇၀ ဝန်းကျင်ရှိပြီး အများစုဟာ တစ်နေ့ကို ရူပီး ၂၀ဝ (အမေရိကန် ဒေါ်လာ ၃ ဒေါ်လာ) နဲ့ အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)