အထင္မေသးနဲ႔လို႔ သမၼတ ထရမ့္ ေျမာက္ကိုရီးယားကို သတိေပး

0
243

လက္နက္ေတြ စုေဆာင္းေနတာဟာ လံုၿခံဳမႈရမွာ မဟုတ္ဘဲ အႏၱရာယ္ေတြကိုသာ ရေစလိမ့္မယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ံဳအန္းကို ျပင္းျပင္းထန္ထန္ သတိေပးလိုက္ပါတယ္။

ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယား ၾကားရွိ စစ္မဲ့ဇုန္ကို ရာသီဥတုဆိုးရြားမႈေၾကာင့္ မသြားျဖစ္ေတာ့တဲ့ ေနာက္ပိုင္း သမၼတ ထရမ့္က အခု ေျပာတာ ျဖစ္ပါတယ္။

ဆိုးရြားတဲ့ ေျမာက္ကိုရီးယား အစိုးရကို အထီးက်န္ေအာင္ လုပ္ရမယ္၊ ေထာင္ခံမႈ၊ ေထာက္ပံ့မႈ၊ လက္ခံမႈ လံုးလံုး လုပ္စရာ မလိုဘူးလို႔ သမၼတ ထရမ့္က ေျပာပါတယ္။

ကြ်န္ေတာ္တို႔ ႏိုင္ငံေတြ အတြက္သာ မဟုတ္ဘဲ ႏိုင္ငံေတြက ႏိုင္ငံသားေတြ အားလံုးအတြက္ ကိုယ္စားျပဳ ေျပာရရင္ ေျမာက္ကိုရီးယား အေနနဲ႔ က်ဳပ္တို႔ကို အထင္မေသးပါနဲ႔၊ ရန္စဖို႔ မႀကိဳးစားပါနဲ႔လို႔ သမၼတ ထရမ့္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အထင်မသေးနဲ့လို့ သမ္မတ ထရမ့် မြောက်ကိုရီးယားကို သတိပေး

လက်နက်တွေ စုဆောင်းနေတာဟာ လုံခြုံမှုရမှာ မဟုတ်ဘဲ အန္တရာယ်တွေကိုသာ ရစေလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ကြားရှိ စစ်မဲ့ဇုန်ကို ရာသီဥတုဆိုးရွားမှုကြောင့် မသွားဖြစ်တော့တဲ့ နောက်ပိုင်း သမ္မတ ထရမ့်က အခု ပြောတာ ဖြစ်ပါတယ်။ ဆိုးရွားတဲ့ မြောက်ကိုရီးယား အစိုးရကို အထီးကျန်အောင် လုပ်ရမယ်၊ ထောင်ခံမှု၊ ထောက်ပံ့မှု၊ လက်ခံမှု လုံးလုံး လုပ်စရာ မလိုဘူးလို့ သမ္မတ ထရမ့်က ပြောပါတယ်။

ကျွန်တော်တို့ နိုင်ငံတွေ အတွက်သာ မဟုတ်ဘဲ နိုင်ငံတွေက နိုင်ငံသားတွေ အားလုံးအတွက် ကိုယ်စားပြု ပြောရရင် မြောက်ကိုရီးယား အနေနဲ့ ကျုပ်တို့ကို အထင်မသေးပါနဲ့၊ ရန်စဖို့ မကြိုးစားပါနဲ့လို့ သမ္မတ ထရမ့်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)